၃၀၊ အောက်တိုဘာ၊ ၂၀၂၃
Zalen
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရွှေလှံရွာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ၅ ဦးရရှိခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့ထံက သိရှိရပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်ပြီး ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားနယ်မြေသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ အောက်တိုဘာလ ၂၈ ရက် နေလည် ၁၂ နာရီချိန်တွင် ရွှေလှံရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MBT အဖွဲ့ တာဝန်ခံထံက သိရှိရပါတယ်။
၎င်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စစ်ကြောင်းသုံးကြောင်းခွဲကာ ၄ နာရီကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမူမရှိဘဲ အောင်မြင်စွာ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ MBTနှင့် ညီနောင်မဟာမိတ်အင်အားစုများ၊ Myingyan Black Tiger၊ Popa Production & Guerilla Force (PPGF)၊ TLK ပြောက်ကြားတပ်၊ NY- PDF
၊ ဗိုလ်ခြောက်ဆယ်၊ Bright Stars Group၊ Royal Eagle People Defence Force၊ ဗိုလ်ခြောက်ဆယ် ပြောက်ကြားတပ်၊နဂါးညီနောင်တပ်ဖွဲ့နဲ့ အခြားသော ညီနောင်မဟာမိတ်အင်အားစုများ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။
သတင်း- ခူမီး