ရေဇွာမြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလို့ စစ်ကောင်စီဘက်မှလေကြောင်းအသုံးပြုလာ

၂၈ ၊ နိုဝင်ဘာ ၊ ၂၀၂၃

Zalen

ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ ရေဇွာ မြို့ စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတယ်လို့သိရပါတယ်။

ရေဇွာ မြို့အခြေစိုက်စခန်းသိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဒေသခံကာကွယ်ရေးတပ် CDF -Zotung ၊ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ အခြားမဟာမိတ်ပူးပေါင်းတပ်တို့ကတိုက်ခိုက်နေပြီး နိုဝင်ဘာလ ၂၈ ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီမှ ဒီကနေ့ မြန်မာစံတော်ချိန်ညနေ ၃း၁၅ တွင် ၁ ကြိမ် တို့ဗုံးကြဲတိုက်ခိုက်သောကြောင့် နေအိမ်တစ်ချို့ပျက်စီးရှုံးပြီး ၊ ညနေစောင်း ၅နာရီ အချိန်တွင်လည်း ရေဇွာမြို့မ ရဲစခန်းတို့ကိုလည်း ဗုံးကြဲတိုက်ခိုက်သွားကာ ဒေသခံကာကွယ်တပ်တို့ အထိအခိုက်မရှိဘူးလို့သိရပါတယ်။

Zalen ad

” အခုလည်း တိုက်ပွဲပြင်းထန်နေတယ်။ သူတို့ဘက်က လေကြောင်းအသုံးပြုတာရှိတယ် ။ ရဲဘော်တွေထိခိုက်တာတော့မရှိဘူး။ နေလူအိမ်တွေထိခိုက်ပျက်စီးတာတော့ရှိတယ်”လို့ CDF-Zotung ပြန်ကြားရေးတာဝန်ခံ Salai Danny က Zalen ကိုပြောပါတယ်။

နိုဝင်ဘာအတွင်း မတူပီမြို့နယ် တွင် အကြမ်းဖက်စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂ဦး အထိ သေဆုံးပြီး ၃ ဦးအထိ ဒဏ်ရာ ရရှိပါတယ်။

သတင်း – သမိုင်းသစ်

နောက်ဆုံးရသတင်းများ

နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ဒေသမှာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။ Zalen စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂတိုင်းရင်းသားရိုးရာ နှစ်သစ်ပွဲတော် ကို ယနေ့ဇန်နဝါရီလ ၁၄ ရက်နေ့ကစတင်ကျင်းပခဲ့တယ် ဒေသသတင်းများအရသိရပါတယ်။ ယ‌ေန့ဇန်နဝါရီလ ၁၄ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသလေရှီးမြို့ မှာ နှစ်စဉ်ကျင်းပနေတဲ့ နာဂတိုင်းရင်းသားရိုးရာ ...

ဆက်ဖတ်ရန်