လူမျိုးခြားနဲ့လက်ထပ်တဲ့မီးဇိုလူမျိုးဟာ အမျိုးသားသစ္စာဖောက်ဖြစ်တယ်လို့ဆို

လူမျိုးခြားနဲ့လက်ထပ်တဲ့မီးဇိုလူမျိုးဟာ အမျိုးသားသစ္စာဖောက်ဖြစ်တယ်လို့ဆို

မီးဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ထဲရှိ အခြေခံပညာသင်ကျောင်းများမှ ကျောင်းသူ၊သားတွေက မီးဇိုလူမျိုးမှတစ်ပါး အခြားလူမျိုးတွေနဲ့လက်မထပ်ဖို့ စက်တင်ဘာ (၂)ရက်နေ့တွင် ကတိသစ္စာဆိုကြပါတယ်လို့ ဒေသန္တရမီဒီယာတွေမှာဖော်ပြထားပါတယ်။

ဒီအစီအစဉ်ကို မီးဇိုတက္ကသိုလ်ကျောင်းသားများအဖွဲ့(MZP)က ဦးဆောင်ပြီး ၂၀၁၅ ခုနှစ်ကစပြီး နှစ်စဉ် စက်တင်ဘာ (၂)ရက်နေ့တွင် ကျောင်းသားတွေကို ကတိသစ္စာဆိုခိုင်းလေ့ရှိပါတယ်။

မီးဇိုတက္ကသိုလ်ကျောင်းသားများအဖွဲ့ (Mizo Zirlai Pawl-MZP) ဥက္ကဌ အလ်ရမ်ဒိမ့်လျန်နာ က “ကိုယ့်လူမျိုးအချင်းချင်း လက်ထပ်တာက နိုင်ငံနဲ့လူမျိုးကာကွယ်ဖို့အတွက်အရေးကြီးဆုံးဖြစ်တယ်။ မီးဇိုလူမျိုးဟာ လူနည်းစုဖြစ်တာကြောင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့လိုအပ်တယ်။ လူမျိုးခြားနဲ့လက်ထပ်သူဟာ မီးဇိုလူမျိုးကို သစ္စာဖောက်သူဖြစ်သလို လူမျိုးခြားတွေကို ကျနော်တို့ရဲ့မူလအခွင့်အရေးလုယူစေတဲ့သူဖြစ်တဲ့တွက် မီးဇို ကျောင်းသားတွေနဲ့ လူငယ်တွေကတော့ မီးဇိုလူမျိုးကိုပဲ ယူကြဖို့တိုက်တွန်းချင်ပါတယ်” လို့ပြောပါတယ်။

Zalen ad

မီးဇိုရမ်ပြည်နယ်လူဦးရေစာရင်းမှာ ၂၀၁၄ ခုနှစ်တွင် ၁ ဒသမ ၁၆ သန်း၊ ၂၀၁၉ ခုနှစ်တွင် ၁ ဒသမ ၆၆၈၈ သန်းဖြစ်ပြီး ပြည်နယ်မြို့တော် အိုက်ဇောလ်မြို့တွင် သုံးသိန်းကျော်နေထိုင်ကြပါတယ်။ ချင်းပြည်နယ်လူဦးရေစာရင်းမှာ ၂၀၁၄ ခုနှစ်သန်ခေါင်စာရင်းအရ လေးသိန်းခွဲကျော်ရှိပါတယ်။ အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်လိုက်လူဦးရေစာရင်းတွင် မီးဇိုရမ်ပြည်နယ်ဟာ လူဦးရေအနည်းဆုံးပြည်နယ် ၈ ခုတွင်ပါဝင်ပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာခရိုနီ ကိုကိုလတ်ကို အိုက်စလန်က ရာထူးကနေ ဖယ်ရှား၊ ပစ်မှတ်ထားအရေးယူဖို့ JFM တောင်းဆို

မေ ၂၉၊ ၂၀၂၆ Zalen မြန်မာ စစ်ကောင်စီနဲ့ စီးပွားရေး ပတ်သက်မှုတွေ ရှိနေတဲ့ ခရိုနီလုပ်ငန်းရှင် ကိုကိုလတ်ကို အိုက်စလန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ရာထူးကနေ တရားဝင် ရုပ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလုပ်ရပ်အပေါ် ...

ဆက်ဖတ်ရန်