လူမျိုးခြားနဲ့လက်ထပ်တဲ့မီးဇိုလူမျိုးဟာ အမျိုးသားသစ္စာဖောက်ဖြစ်တယ်လို့ဆို

လူမျိုးခြားနဲ့လက်ထပ်တဲ့မီးဇိုလူမျိုးဟာ အမျိုးသားသစ္စာဖောက်ဖြစ်တယ်လို့ဆို

မီးဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ထဲရှိ အခြေခံပညာသင်ကျောင်းများမှ ကျောင်းသူ၊သားတွေက မီးဇိုလူမျိုးမှတစ်ပါး အခြားလူမျိုးတွေနဲ့လက်မထပ်ဖို့ စက်တင်ဘာ (၂)ရက်နေ့တွင် ကတိသစ္စာဆိုကြပါတယ်လို့ ဒေသန္တရမီဒီယာတွေမှာဖော်ပြထားပါတယ်။

ဒီအစီအစဉ်ကို မီးဇိုတက္ကသိုလ်ကျောင်းသားများအဖွဲ့(MZP)က ဦးဆောင်ပြီး ၂၀၁၅ ခုနှစ်ကစပြီး နှစ်စဉ် စက်တင်ဘာ (၂)ရက်နေ့တွင် ကျောင်းသားတွေကို ကတိသစ္စာဆိုခိုင်းလေ့ရှိပါတယ်။

မီးဇိုတက္ကသိုလ်ကျောင်းသားများအဖွဲ့ (Mizo Zirlai Pawl-MZP) ဥက္ကဌ အလ်ရမ်ဒိမ့်လျန်နာ က “ကိုယ့်လူမျိုးအချင်းချင်း လက်ထပ်တာက နိုင်ငံနဲ့လူမျိုးကာကွယ်ဖို့အတွက်အရေးကြီးဆုံးဖြစ်တယ်။ မီးဇိုလူမျိုးဟာ လူနည်းစုဖြစ်တာကြောင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့လိုအပ်တယ်။ လူမျိုးခြားနဲ့လက်ထပ်သူဟာ မီးဇိုလူမျိုးကို သစ္စာဖောက်သူဖြစ်သလို လူမျိုးခြားတွေကို ကျနော်တို့ရဲ့မူလအခွင့်အရေးလုယူစေတဲ့သူဖြစ်တဲ့တွက် မီးဇို ကျောင်းသားတွေနဲ့ လူငယ်တွေကတော့ မီးဇိုလူမျိုးကိုပဲ ယူကြဖို့တိုက်တွန်းချင်ပါတယ်” လို့ပြောပါတယ်။

မီးဇိုရမ်ပြည်နယ်လူဦးရေစာရင်းမှာ ၂၀၁၄ ခုနှစ်တွင် ၁ ဒသမ ၁၆ သန်း၊ ၂၀၁၉ ခုနှစ်တွင် ၁ ဒသမ ၆၆၈၈ သန်းဖြစ်ပြီး ပြည်နယ်မြို့တော် အိုက်ဇောလ်မြို့တွင် သုံးသိန်းကျော်နေထိုင်ကြပါတယ်။ ချင်းပြည်နယ်လူဦးရေစာရင်းမှာ ၂၀၁၄ ခုနှစ်သန်ခေါင်စာရင်းအရ လေးသိန်းခွဲကျော်ရှိပါတယ်။ အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်လိုက်လူဦးရေစာရင်းတွင် မီးဇိုရမ်ပြည်နယ်ဟာ လူဦးရေအနည်းဆုံးပြည်နယ် ၈ ခုတွင်ပါဝင်ပါတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်