လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်လို့ နှစ်နှစ်နီးပါးအတွင်း လူ ၁၃၀၀ ကျော် ဖမ်းဆီးခံရ

ချစ်ခြင်းနွေ/ ၉၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ပြောဆိုမှုတွေ လုပ်ခဲ့တဲ့အတွက် အချိန် နှစ်နှစ်နီးပါးအတွင်း ဖမ်းဆီးခံရသူ ၁၃၁၆ ဦး ရှိတယ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့က အောက်တိုဘာလ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ခုနှစ် စက်တင်ဘာလကုန်အထိ လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအားပေးစာ ရေးသား ပြောဆိုတာ ကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

Zalen ad

စစ်ကောင်စီက လူမှုကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေပြုလုပ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ၊ ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်မှာ သတိပေးခဲ့ပါတယ်။

ရန်ကုန်တိုင်းက ၃၂၃ ဦးနဲ့ မန္တလေးတိုင်းက ၂၈၄ ဦး အများဆုံး ဖမ်းဆီးခံခဲ့ရပြီး အဲဒီနောက်မှာတော့ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေက ဖမ်းဆီးခံရမှုအများဆုံး ဒေသတွေ အစဉ်အလိုက် ရပ်တည်နေပါတယ်။

အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၄ ရက်ထုတ် အစီရင်ခံစာမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံနေရတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မြန်မာနိုင်ငံဟာ ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ နိုင်ငံတစ်ဝန်းမှာ ပြည်သူ ၁၉,၆၆၉ ဦး ဖမ်းဆီးထိန်းသိမ်းခံထားတယ်လို့ အောက်တိုဘာလ ၆ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ပါတယ်။

နောက်ဆုံးရသတင်းများ

ချင်း စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် Chin Archive App နဲ့ Website ဖွင့်လှစ်ခဲ့

ဧပြီ ၂၀ ၊ ၂၀၂၆Zalen ချင်း စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် Chin Archive App & Website ကို Chin Calai Advocacy ရဲ့ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ် ဧပြီလ ...

ဆက်ဖတ်ရန်