လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ဦး နဲ့ ရဲမေ တစ်ဦး ကျဆုံးခဲ့ကြောင်း CDF KKG က ယမန်နေ့ ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ခုနှစ် အောက်တိုဘာလကနေ အခုနှစ် ဇန်နဝါရီလအထိ လေးလအတွင်းဖြစ်ပွားခဲ့တဲ့ မှန်တော၊ အောင်သာယာ၊ လက်ပံချောင်း၊ အနောက်တောလေးရွာစတဲ့ တိုက်ပွဲတွေမှာ ကျဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

Zalen ad

ကျဆုံးသူတွေဟာ CDF -KKG တပ်ရင်းမှာ တပ်စုမှူး Pu lian Khem၊ ရဲဘော်တွေဖြစ်ကြတဲ့ Bawi Tuah Kim ၊ ဖြိုးကိုအောင်၊ မင်းကို၊ Pum luah cin (OR)Pum lua၊ မောင်အေး (ခ) ရဲမာန်၊ Bi Za Ting၊ ဇေယျာမျိုး၊ ကြယ်စင်ကျော်၊ ရန်လင်းအောင်၊ ရှိုင်းထက်စိုး(ခ) ပိန်သေး နဲ့ ရဲမေ Dim Man Cing တို့ ဖြစ်ပါတယ်။

သူတို့တွေဟာ CDF -KKG ရဲ့ တပ်ရင်း (၁)၊ (၂)၊ (၃)၊ (၄) ၊ (၅) နဲ့ တပ်ရင်း (၇) တို့မှာ တာဝန်ထမ်းဆောင်ကြသူတွေ ဖြစ်ပြီး ဖြစ်ပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ လက်ရှိ၅နှစ်နီးပါးအထိ မှာ တိုက်ပွဲအတွင်း CDF KKG တပ်ဖွဲ့ဝင် ၇၀ ဦးအထိ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၅ ‌အောက်တိုဘာလပိုင်းကစပြီး ကလေးမြို့နယ်က KKG အပါအ၀င် တော်လှန် ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ ကျေးရွာနယ်မြေတွေဆီ အင်အားသုံးပြီး စစ်ကြောင်းထိုးခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

Lily

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်