သက်ငယ်မုဒိမ်းကျူးလွန်သူရဲ့ဓာတ်ပုံ ရရှိထားသော်လည်း နှစ်ပတ်ကျော်ကြာတဲ့ထိ မဖမ်းမိနိုင်သေး

၂၀၁၉၊ အောက်တိုဘာ (၁၇)
ကလေးမြို့ စမ်းမြို့ရပ်ကွက်မှာနေထိုင်တဲ့ (၆)နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်သူအမျိုးသား ဆိုင်ကယ်နဲ့ခေါ်သွားစဉ် CCTV ဓာတ်ပုံရရှိထားပေမယ့် နှစ်ပတ်ကျော်ကြာတဲ့ထိ ကျူးလွန်သူအား မဖမ်းမိနိုင်သေးကြောင်း သတင်းရရှိပါတယ်။

တာဟန်းရဲစခန်းမှ တာဝန်ကျသူတစ်ဦးက “ဓာတ်ပုံတော့ရထားပြီ။ စုံစမ်းနေဆဲ အခြေအနေပါ” လို့ပြောပါတယ်။

အဓမ္မပြုကျင့်သူက (၆)နှစ်အရွယ်ကလေးကို ကျောင်းမှ ခေါ်ဆောင်လာစဉ် တာဟန်းဈေးအနီး အပန်းဖြေဘီယာဆိုင်ရှေ့ကတွေ့ရစဉ်

အောက်တိုဘာလ (၁)ရက် ညနေကျောင်းဆင်းချိန်တွင် KG တန်းတက်နေတဲ့ (၆)နှစ်အရွယ်ကလေးငယ်ကို ဆိုင်ကယ်နဲ့ခေါ်ဆောင်သွားပြီး ဒိုးဝိုင်းချောင်းသုဿန်အနီးတွင် အဓမ္မပြုကျင့်ခဲ့ကြောင်း ကလေးငယ်ကပြောပြပါတယ်။

ယင်းကိစ္စကိုလိုက်ပါဆောင်ရွက်နေတဲ့ ဘိန်းဘီအမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်မောရီက “ကလေးငယ် စကားပြောလာတဲ့ချိန်မှာ သူ့ကိုခေါ်သွားတဲ့လမ်းကြောင်းကိုမေးပြီး အဲ့လမ်းတစ်လျှောက်မှာ CCTV ကင်မရာတပ်ထားတဲ့အိမ်ကိုလိုက်ရှာတော့ တာဟန်းဈေးနားက အပန်းဖြေဘီယာဆိုင်မှာတပ်ထားသွားတွေ့တယ်။ အဲ့ကနေတစ်ဆင့် သူ့ပုံကိုရတာပါ။ အစမှာတော့ လိုင်းပေါ်မှာမချပြပဲ တိတ်တဆိတ်လိုက်ရှာမယ်ပြောသေးတယ်။ ဒါပေမယ့် ဒီနေ့တော့ လိုင်းပေါ်မှာ သူ့ပုံတင်လာကြတယ်။ ဆိုင်ကယ်နဲ့ ခေါ်သွားတဲ့သူကလည်း ချင်းပါ။ မီဇိုးလိုပြောပါတယ်။ အစမှာတော့ ဗမာလိုပြောပေမယ့် နောက်ပိုင်း မီဇိုးလိုပြောတယ်။ ဒါကြောင့် ကျမတို့အနီးနားမှာပဲရှိမှာပါ” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်