သဘာဝတရားရဲ့ ကလဲ့စားချေမှု (အပိုင်း ၁)

Salai Green

ယနေ့ ကမ္ဘာမှာ သဘာဝဘေးအန္တရာယ်တွေ၊ လူလုပ်ဘေးအန္တရာယ်တွေ တခုပြီးတခုကြုံ့တွေ့တာ မျက်မြင်သက်သေပါပဲ၊ လောလောလတ်လတ်ပြမယ်ဆိုရင် အခု ကိုဗစ်-၁၉ ရောဂါ၊ နာဂစ်မုန်တိုင်း၊ ဆူနာမီ၊ ၂၀၁၅ ရေကြီးရေလျှံမှုမျိုး မြန်မာနိုင်ငံမှာ တောက်လျှောက်တခုပြီးတခု ကျနော်တို့ ကြုံတွေ့နေတာဖြစ်တယ်။

အမှန်မှာ ဒါတွေက ကျနော်တို့ကမ္ဘာကြီးစတင်တည်ရှိကတည်းက ဒီလိုမျိုး သဘာဝဘေးအန္တရာယ်တွေ ကြောက်မက်ဖွယ်ရာ အန္တရာယ်တွေ ကြုံတွေ့ဖို့ ကမ္ဘာကြီးဟာ ဒီလိုစီမံထားတဲ့အရာမဟုတ်ဘူး။

အမိကမ္ဘာမြေကြီးရဲ့ ဂေဟစနစ်ဟာ အရင့်အရင် အာဒံနဲ့ ဧဝခေတ် ကျောက်ခေတ်တုန်းကတော့ သဘာဝကျကျ ချိန်ခွင်လျှာညီမျှစွာရှိခဲ့ပါတယ်။ သက်ရှိနဲ့ သက်မဲ့။ သက်ရှိအချင်းချင်းကြား တခုနဲ့တခုအပြန်အလှန်ဆက်နွယ်မှုရှိတဲ့ commensalism, parasitism (ကပ်ပါးစနစ်), mutualism (အပြန်အလှန်အကျိုးပြုစနစ်) အဲ့ဒီ သုံးခုဟာ တခုနဲ့တခု အတူဒွန်တွဲနေထိုင်လာတာဖြစ်တယ်။
အဲ့ဒါကို the beauty of nature သဘာဝတရားရဲ့အလှ သို့မဟုတ် The balance of nature သဘာဝရဲ့ချိန်ခွင်လျှာညီမျှမှုလို့ခေါ်ဆိုနိုင်ပါတယ်။

ကမ္ဘာကြီးပူနွေးလာမှု ရာသီဥတုဖောက်ပြန်မှု အဲ့ဒီစကားလုံးတွေဟာ လူတိုင်းနားယှဉ်နေတဲ့ စကားလုံးတွေဖြစ်နေပါပြီ။ ကမ္ဘာ့ကုလသမဂ္ဂကအစ နိုင်ငံအသီးသီးမှာရှိတဲ့ လူတန်းစားအလွှာအသီးသီးကတောင်မှ ဒီအရာကို အဓိကအာရုံစိုက်တဲ့ ဘာသာရပ်တခုဖြစ်လာနေပါပြီ။

ဒါဟာဘာကြောင့်လဲ။ ၎င်းမတိုင်ခင်မှာ ကမ္ဘာကြီးဟာ သဘာဝကျကျ ဂေဟစနစ်ရဲ့ ချိန်ခွင်လျှာညီမျှစွာတည်ရှိခဲ့တယ်ဆိုတဲ့အရာ ဘယ်လိုပုံစံတည်ရှိခဲ့တာလဲ ဆိုတာ အတိုချုပ်လေးနဲ့ သာဓကတစ်ခုနဲ့ပြချင်ပါတယ်။

ကျနော်တို့ရဲ့ ကမ္ဘာဂြိုလ်ကြီးဟာ လေထုအလွှာ ၅ ခုနဲ့ဖုံးလွမ်းထားပါတယ်။ Troposphere, Stratosphere, Mesosphere, Tamosphere, Exosphere ဆိုတဲ့ လေထုအလွှာ ၅ ခုနဲ့ဖုံးလွှမ်းထားပါတယ်။ တစ်ခုနဲ့တစ်ခုဟာ နမိတ်အတိအကျသတ်မှတ်ထားတာရှိသလို အကွာအဝေးအားဖြစ်လည်း တိတိကျကျသတ်မှတ်ချက်ရှိပါတယ်။ အဓိက ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုဖောက်ပြန်မှုနဲ့အဓိကဆိုင်တဲ့ ပထမဆုံးအလွှာဖြစ်တဲ့ Troposphere နဲ့ ကျနော်တို့ သက်ရှိတွေရဲ့ အပြန်အလှန်တုန့်လှန်ဆက်နွယ်မှုကို သာဓကတစ်ခုပြောဗျစေ။
ကမ္ဘာ့လေထု ၅ လွှာအနက် ပထမဆုံးအလွှာဖြစ်တဲ့ Troposphere ဟာ ၃၀ ကီလိုမီတာလောက်ထုပါတယ်။ ၎င်းရဲ့အထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်၊ ရေငွေ့၊ မီသိန်းဓာတ်, ကလိုရိုဖလိုရိုကာဗွန်၊ နိုက်ထရိုက်အောက်ဆိုက် စတဲ့ဓာတ်ငွေ့တွေရှိပါတယ်။ ၎င်းဓာတ်ငွေ့တွေရဲ့အဓိက လုပ်ဆောင်ချက်ကဘာလဲဆိုရင် နေရောင်ခြည်ကိုရရှိတဲ့နေ့အချိန်မှာ အပူဓာတ်ကို စုပ်ယူထားပါတယ်။ ၎င်းဓာတ်ငွေ့တွေမရှိရင် နေရောင်ခြည်မရှိတဲ့ဘက် ခြမ်းဟာ အရမ်းအေးစက်ပြီးတော့ သုညဒီဂရီအောက် ၁၇၀ ကျော်ကျမှာဖြစ်ပါတယ်။ အဲ့ချိန်မှာ မည်သည့် သက်ရှိသတ္တဝါမှ အသက်ရှင်နိုင်မှာမဟုတ်ပါ။ ဒါပေမယ့် အဲ့ဒီဓာတ်ငွေ့ ၅ မျိုးကညအချိန်မှာ အအေးမလွန်ကဲအောင် နေ့အချိန်ကစုပ်ယူထားတဲ့အပူတွေကိုညအချိန်မှာ ပြန်လည်ထုတ်လွင့်ပြီး ညအချိန်အလွန်အေးမယ့်ဒဏ်ကိုထိန်းသိမ်းပေးပါတယ်။

ယင်းကဲ့သို့ အပူထိန်းသိမ်းပေးထားနိုင်စွမ်းကို ဖန်လုံအိမ်အာနိသင်လို့ခေါ်ပါတယ်။
ထိုကဲ့သို အာနိသင်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်၊ ရေငွေ့၊ မီသိန်း, ကလိုရိုဖလိုရိုကာဗွန်၊ နိုက်ထရိုက်အောက်ဆိုက် တွေကို ဖန်လုံအိမ်ဓာတ်ငွေ့ သို့မဟုတ် မှန်လုံအိမ်ဓာတ်ငွေ့တွေလို့ခေါ်ပါတယ်။

ကမ္ဘာမြေကြီးပေါ်မှာ ရေမြေတောတောင် သက်ရှိ သမုဒ္ဒရာ၊ သစ်ပင်ပန်းမံတွေစတင်တည်ရှိတဲ့ကာလကနေ ၁၈ ရာစုနှောင်းပိုင်းဖြစ်တဲ့ စက်မှုတော်လှန်ရေးမတိုင်ခင်ခေတ် စက်ယန္တာယားကိုလူသားတွေမတီထွင်ခင်ကဆိုရင် ကမ္ဘာ့လေထုထဲမှာရှိတဲ့ မှန်လုံအိမ်ဓာတ်ငွေ့တွေဟာ လိုအပ်တဲ့ ပမာဏလောက်သာရှိပြီးတော့ ထိုဓာတ်ငွေ့တွေက ထိန်းသိမ်းထားတဲ့ နေရဲ့အပူဓာတ်ကြောင့် ကမ္ဘာမြေကြီးဟာ သက်ရှိတွေရဲ့ အတော်အသင့်ဖြစ်တဲ့အပူချိန် ၁၈ ဒီဂရီဆလ်စီယစ်လောက်မှာ တည်ရှိလာခဲ့တာဖြစ်တယ်။

၎င်းအပူချိန်ဟာ ကျနော်တို့ သက်ရှိတွေအတွက် နေ့ဘက်ခြမ်း ညဘက်ခြမ်း ကမ္ဘာကြီးနှစ်ဘက်စလုံးမှာရှိတဲ့ သက်ရှိအားလုံး အသက်ရှင်နေထိုင်နိုင်ရန်အတွက်တိကျတဲ့ သို့မဟုတ် လုံလောက်တဲ့အပူချိန်ဖြစ်ပါတယ်။

ထိုကမ္ဘာ့လေထုထဲမှာရှိတဲ့ မှန်လုံအိမ်ဓာတ်ငွေ့တွေရဲ့ပမာဏဟာ အရမ်းတိုးလည်းမရ အရမ်းလျော့နည်းလို့လည်းမရပါ။ တိုးလာရင် အပူဓာတ်ဆုပ်ပြီး ကမ္ဘာကြီးဟာလိုအပ်တာထက်ပူနွေးလာမှာဖြစ်ပါတယ်။ လျော့သွားရင်လည်း လိုအပ်တဲ့အပူချိန်ထိန်းသိမ်းနိုင်စွမ်းနည်းပါးလို့ ကမ္ဘာကြီးရဲ့အပူချိန်ဟာကျဆင်းသွားကာ သက်ရှိတွေရဲ့ အသက်ရှင်မှုကို အန္တရာယ်ပြုလာမှာဖြစ်တယ်။
အပိုင်း-၂ ဆက်ရန် >>>>>>>

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ချင်းကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရ၊ လူသတ်သမားထွက်ပြေး

၁၅၊ ဧပြီလ၊ ၂၀၂၄ Zalen မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ အသက် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရတယ်လို့ ရပ်ကွက်နေ ချင်းလူမျိုးတွေဆီက သိရပါတယ်။ ကွာလာလမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ မနေ့ ...

ဆက်ဖတ်ရန်