ဟားခါးကနေ ရန်ကုန်ကိုသွားမယ့် ခရီးသည်တင်ကားပေါ်မှာ မသင်္ကာလို့လူငယ် ၅ ဦးဖမ်းဆီးခံရ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ရန်ကုန်ကိုသွားမယ့် ဟားခါးမန်းခရီးသည်တင်ကားထဲက ခရီးသည်တွေကိုင်ဆောင်တဲ့ဖုန်းကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက မြို့အထွက်မှာစစ်ဆေးရာ လူငယ် ၅ ဦးကို မသင်္ကာလို့ ဖေဖော်ဝါရီ ၁၆ ရက်က ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့သတင်းရရှိပါတယ်။

ဖမ်းဆီးခံရတဲ့ခရီးသည်တွေဟာ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၄ ဦးဖြစ်ပြီး အသက် ၁၇ နှစ်ကနေ ၂၀ ကြားအရွယ်တွေဖြစ်ပါတယ်။

ဟားခါးအထွက် စစ်ဆေးရေးဂိတ်မှာ ခရီးသည်တွေရဲ့ဖုန်း၊ မှတ်ပုံတင်တွေစစ်ဆေးရာ ခရီးသည်တစ်ယောက်ရဲ့ဖုန်းထဲမှာ မသင်္ကံာစရာတွေ့လို့ဆိုကာ သူနဲ့ဆက်စပ်တဲ့သူငယ်ချင်း ၄ ယောက်ကိုပါဖမ်းဆီးသွားတာပါ။ လူငယ်အားလုံးကို ဟားခါး ရဲစခန်းမှာ ဒီနေ့ထိ မရောက်ရှိလာတာကြောင့် တပ်ကုန်းမှာ ထိန်းသိမ်းထားကြတယ်လို့ယူဆရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ နိုင်ငံခြားမှာအလုပ်လုပ်ကိုင်ဖို့သွားတဲ့သူတွေဖြစ်တယ်လို့လည်းသတင်းရရှိပါတယ်။

Zawgyi

ဟားခါးကေန ရန္ကုန္ကိုသြားမယ့္ ခရီးသည္တင္ကားေပၚမွာ မသကၤာလို႔လူငယ္ ၅ ဦးဖမ္းဆီးခံရ

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕မွာ ရန္ကုန္ကိုသြားမယ့္ ဟားခါးမန္းခရီးသည္တင္ကားထဲက ခရီးသည္ေတြကိုင္ေဆာင္တဲ့ဖုန္းကို အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြက ၿမိဳ႕အထြက္မွာစစ္ေဆးရာ လူငယ္ ၅ ဦးကို မသကၤာလို႔ ေဖေဖာ္ဝါရီ ၁၆ ရက္က ဖမ္းဆီးေခၚေဆာင္သြားၾကတယ္လို႔သတင္းရရွိပါတယ္။

ဖမ္းဆီးခံရတဲ့ခရီးသည္ေတြဟာ အမ်ိဳးသမီး ၁ ဦးနဲ႔ အမ်ိဳးသား ၄ ဦးျဖစ္ၿပီး အသက္ ၁၇ ႏွစ္ကေန ၂၀ ၾကားအ႐ြယ္ေတြျဖစ္ပါတယ္။

ဟားခါးအထြက္ စစ္ေဆးေရးဂိတ္မွာ ခရီးသည္ေတြရဲ႕ဖုန္း၊ မွတ္ပုံတင္ေတြစစ္ေဆးရာ ခရီးသည္တစ္ေယာက္ရဲ႕ဖုန္းထဲမွာ မသကႍာစရာေတြ႕လို႔ဆိုကာ သူနဲ႔ဆက္စပ္တဲ့သူငယ္ခ်င္း ၄ ေယာက္ကိုပါဖမ္းဆီးသြားတာပါ။ လူငယ္အားလုံးကို ဟားခါး ရဲစခန္းမွာ ဒီေန႔ထိ မေရာက္ရွိလာတာေၾကာင့္ တပ္ကုန္းမွာ ထိန္းသိမ္းထားၾကတယ္လို႔ယူဆရပါတယ္။

ဖမ္းဆီးခံရတဲ့ လူငယ္ေတြဟာ ႏိုင္ငံျခားမွာအလုပ္လုပ္ကိုင္ဖို႔သြားတဲ့သူေတြျဖစ္တယ္လို႔လည္းသတင္းရရွိပါတယ္။

 

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်