ဟားခါးမြို့မှာ နိုင်ငံကူးလက်မှတ် ပြုလုပ်ခ ကျပ်ငွေ ၁၀ သိန်းခန့်အထိ ပေါက်စျေးရှိလာ

၂၁၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ ပတ်စ်ပို့ပြုလုပ်တဲ့ လူငယ်တွေ များလာတာကြောင့် တစ်ဦးစီကို ပတ်စ်ပို့ပြုလုပ်ခ ၁ဝသိန်းဆီပေးနေရတယ်လို့ ဒေသခံတွေနဲ့ ပတ်စ်ပို့ကိုယ်တိုင် ပြုလုပ်နေသူတွေဆီက သိရပါတယ်။

အရင်က ပတ်စ်ပို့ပြုလုပ်ခဟာ တစ်သိန်း ဝန်းကျင်သာ ကျသင့်ပေမယ့် ဖေဖော်ဝါရီ ၁၉ ရက်နေ့လောက်စပြီး ပတ်စ်ပို့ပြုလုပ်ခတွေ စျေးတက်သွားတာလို့ ပတ်စ်ပို့စ်ကိုယ်တိုင်ပြုလုပ်နေသူတွေက ပြောပါတယ်။

“ အရင်က တစ်သိန်းကျော်ကနေ အခု ၁၀ သိန်းအထိ ခုန်တက်သွားတာ၊ လုပ်တဲ့ သူတွေကလည်းများလာတယ်။ စစ်မှုထမ်းဥပဒေကလည်း ထွက်လာတော့ လုပ်တဲ့သူလည်းများတော့ ပွဲစားတွေကလည်း ရုံးဝန်ထမ်းတွေနဲ့ ပေါင်းပြီး အဲ့လိုတွေ တက်ကုန်တာ။ ကိုယ်က ပတ်စ်ပို့လုပ်ချင်တော့လည်း ပေးရတာပါပဲ။ ” လို့ ပတ်စ်ပို့ လာလုပ်သူ တစ်ဦးက Zalen ကို ပြောပါတယ်။

ဟားခါးမြို့ ပတ်စ်ပို့ပြုလုပ်သူတွေ နေ့စဉ် တစ်ရာကျော်ကနေ နှစ်ရာဝန်းကျင်အထိ လာရောက်ပြုလုပ်ကြပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ နယ်ကျော် လာရောက်ပြုလုပ်သူတွေကို နယ်ကျော်ခအဖြစ် ပိုက်ဆံပို ပေးရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ကျွန်မတို့ Booking လည်း တန်းစီပေးတယ်။ အကုန်လိုက်လုပ်ပေးတယ်။ ရုံးထဲကလူတွေကိုလည်း ပေးရတာဆိုတော့ လူတစ်ယောက်ကို အကုန်အပြီးအစီး ၁ဝ သိန်းယူတယ်။ အဲ့တာမှလည်း မြန်မြန်နဲ့ အဆင်ပြေပြေ ရမှာလေ။ ” လို့ ပတ်စ်ပို့ပွဲစားတစ်ဦးက ပြောပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးရဲ့ တရားဝင် ပေးသွင်းရတဲ့ ငွေကြေးဟာ လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က) ကို ငါးထောင်ကျပ်၊ ဘဏ် စာရင်းသွင်းဖို့ နှစ်သောင်းခွဲကျပ်သာ ပေးသွင်းရတာဖြစ်ပါတယ်။

ဒါပေမယ့် ဟားခါးပတ်စ်ပို့ရုံးမှာတော့ Booking တင်ခ၊ ကိုယ်ရေးအချက်အလက် ဖောင်ဝယ်ခအပြင် တခြားငွေကြေးတွေကို အပိုပေးဆောင်နေရပြီး အရင် ပတ်စ်ပို့လုပ်ခဟာ ၇သောင်းကျပ်ကနေ တစ်သိန်းခွဲကျပ်၊ တစ်သိန်းခွဲကနေ ၁ဝသိန်း ဝန်းကျင်အထိ ပေါက်စျေးရှိလာတာဖြစ်ပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်