ဟားခါးမြို့မှာ အရပ်ဝတ်ဖြင့် ငွေကောက်ခံနေတဲ့ နယ်ထိန်းရဲ ပစ်ခတ်ခံရပြီး တစ်ဦး သေဆုံး

နိုဝင်ဘာ ၁၀၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်မှာ အရပ်ဝတ်နဲ့ ငွေကောက်ခံနေတဲ့ နယ်ထိန်းရဲ ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ နိုဝင်ဘာ ၉ ရက်နေ့၊ မနက် ၇ နာရီဝန်းကျင် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ထန်တလန်လမ်းခွဲမှာ ငွေကောက်ခံနေတဲ့ နယ်ထိန်းရဲတွေကို CDF မှ ပစ်ခတ်ခဲ့တာပါ။

Zalen ad

“အရပ်ဝတ်နဲ့ ပြည်သူတွေဆီက ငွေကောက်ခံနေတဲ့ နယ်ထိန်းရဲ လေးဦး အပစ်ခံရတာပါ။ နယ်ထိန်းရဲ တစ်ဦးသေဆုံးတယ်။” လို့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လာရောက်ပြီး အနီးအနား ရမ်းသမ်းပစ်ခတ်တာကြောင့် ပြည်သူ လေးဦးဒဏ်ရာရရှိကာ အိမ်တစ်လုံး မီးလောင်သွားပါတယ်။

“နယ်ထိန်းရဲတွေ အပစ်ခံရတာက နှစ်မိနစ်လောက်ပါပဲ။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်သားတွေရောက်လာတယ်။ အနီးအနားမှာရှိတဲ့သူတွေ ရမ်းသမ်းပစ်ခတ်သွားတယ်။ ပြည်သူ ၄ ယောက် ဒဏ်ရာရတယ်” လို့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး CDF-Hakha က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။

ဟားခါးမြို့မှာ ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မနက်ကလည်း စစ်ကောင်စီက မြို့ထဲလုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်