ဟားခါးမြို့တွင်းစည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူကို တိုင်ကြားရင် ကျပ်တစ်သိန်းဆုချီးမြှင့်မယ်

ရေမြောင်းထဲက အမှိုက်များ ဟားခါးမြို့တွင်းလမ်းမများပေါ်တွင် ပြန်ဆယ်နေရစဉ် (ဓာတ်ပုံ -Shing Mang Sniper)

ဟားခါးမြို့တွင်းစည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူကို တိုင်ကြားရင် ကျပ်တစ်သိန်းဆုချီးမြှင့်မယ်

ဟားခါးမြို့တွင် အမှိုက်ကို သတ်မှတ်ထားတဲ့နေရာမဟုတ်ဘဲ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူကို တိုင်ကြားရင် ဒဏ်ငွေရဲ့ ၅၀ ရာခိုင်နှုန်း ကျပ်တစ်သိန်း ဆုချီးမြှင့်မယ်လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီကကြေညာထားပါတယ်။

ယင်းကဲ့သို့ ဒဏ်ခတ်မယ့်အစီအစဉ်ကို ကြေညာစာထုတ်တဲ့နေ့ ဇွန်လ ၂၀ ရက်ကနေ စတင်နေပြီလို့သိရပါတယ်။

Photo: Shing Mang Sniper

ဟားခါးမြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးတမ်အောင်ရှိန်းက “မြို့ထဲမှာအမှိုက်ပုံးတော့မချပေးထားဘူး။ ဒါပေမယ့် နေ့တိုင်း စည်ပင်ကားနဲ့ပတ်ပြီး အမှိုက်သိမ်းပေးတယ်” လို့ဆိုပါတယ်။

Zalen ad

စည်ပင်နယ်နမိတ်အတွင်း မိမိအစီအစဉ်ဖြင့် အမှိုက်ပစ်ပါက အမှတ် (၁) သချိုင်းကုန်းအလွန် မတူပီလမ်း၊ ဖဒဲအိုချောင်းအနောက်ဖက်ခြမ်းတွင်စွန့်ပစ်ရန် သတ်မှတ်ထားပါတယ်။ ယင်းသို့မဟုတ်ဘဲ မိမိအစီအစဉ်ဖြင့် သတ်မှတ်ထားတဲ့နေရာတွင် အမှိုက်မပစ်ဘဲ စည်းကမ်းမဲ့စွန့်ပစ်သူကို ဖမ်းဆီးပါက ဒဏ်ငွေ ကျပ် နှစ်သိန်းပေးဆောင်ရမယ်လို့ မြို့နယ်စည်ပင်ကကြေညာထားပါတယ်။

ယင်းကဲ့သို့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူကို အမည်၊ နေရပ်လိပ်စာ၊ အမှိုက်ပစ်နေစဉ် ဓာတ်ပုံရိုက်၍ သတင်းပေးသူကို စီမံဒဏ်ရဲ့ ၅၀ ရာခိုင်နှုန်း ဆုချီးမြှင့်မှာဖြစ်ပြီး သတင်းပေးပို့သူအမည်ကို ရုံးမှထုတ်ပြန်ခြင်းပြုမယ်မဟုတ်ကြောင်းကြေညာထားပါတယ်။

ဟားခါးမြို့တွင်း မြောင်းထဲတွင် အမှိုက်စွန့်ပစ်မှုကြောင့် မိုးရာသီတွင်မြောင်းတွေပိတ်ဆို့ပြီး လမ်းပေါ်တွင် မိုးရေတွေစီးဆင်းလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်