ဟားခါးမြို့မှာ ချင်းပြည်နယ်ရဲ့ ပထမဆုံး အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတည်ဆောက်မယ့် မြေနေရာကို အားကစားနှင့့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီနှင့်ပြည်နယ်များ တာဝန်ခံ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများက အောက်တိုဘာ(၁၇)ရက်နဲ့ (၁၈)ရက်တွေမှာ ကွင်းဆင်းလေ့လာပါတယ်။
အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတည်ဆောက်ဖို့ ကျပ်သိန်းနှစ်သောင်းကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုအစိုးရကလျာထားပါတယ်။
“ပြည်ထောင်စုအစိုးရက မြေဧက(၅၅)ကျယ်ဝန်းတဲ့မြေနေရာရှာထားဖို့ပြောတော့ အခု မြေနေရာတော့တွေ့ပြီ။ ဒီနှစ် ဒီဇင်ဘာလလောက်မှာ လုပ်ငန်းစနိုင်မယ်ထင်တယ်။ တည်ဆောက်တဲ့ကာလက အနည်းဆုံး သုံးနှစ်တော့ကြာမယ်”လို့ ချင်းပြည်နယ် စည်ပင်သာယာရေးဥက္ကဌ ဦးထလာဟရဲကပြောပါတယ်။
ချင်းပြည်နယ် အားကာ/သိပ္ပံကျောင်းတည်ဆောက်မယ့် နေရာကတော့ ဟားခါးမြို့ဟောင်းရပ်ကွက်အောက်ဘက်မှာဖြစ်ပါတယ်။
ဒီကျောင်းမှာ တစ်နှစ် လူ(၁၅၀)လောက်လက်ခံပြီး အားကစားနည်း(၁၀)မျိုးသင်ကြားပို့ချမယ်လို့သိရပါတယ်။ ကျောင်းသူ၊ကျောင်းသားတွေကို တစ်ရက် ကျပ် ၂၅၀၀ ခန့်အသုံးပြုကာ နံနက်စာ၊ နေ့လယ်စာ၊ အားဖြည့်စာ၊ ညလယ်စာတွေကျွေးမွေးမှာဖြစ်ပြီး နေရေး၊ အသုံးအဆောင်ပစ္စည်းတွေပါထောက်ပံ့ပေးမယ်လို့ ကားကစားနှင့် ကာယပညာဦးစီးဌာနမှသိရပါတယ်။
မြန်မာနိုင်ငံမှာ ကားကစားနှင့် ကာယပညာသိပ္ပံကျောင်းကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ငူ၊ မုံရွာနှင့် လွိုင်ကော်မြို့တို့တွင် ဖွင့်လှစ်ထားပြီဖြစ်တယ်။