အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ ရှောင်တာနယ်က သြစတြေးလျအစိုးရအနေနဲ့ စစ်ကောင်စီကို ဒဏ်ခတ်အရေးယူဖို့ တိုက်တွန်း

သြစတြေးလျနိုင်ငံ စီးပွားရေးပညာရှင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြံပေး ရှောင်တာနယ်လ်ကမြန်မာအာဏာသိမ်းစစ်ကောင်စီကို ဒဏ်ခတ်အရေးယူသင့်တယ်လို့ သြစတေးလျအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မစ္စတာရှောင်တာနယ်ဟာ စစ်ကောင်စီအာဏာသိမ်းလိုက်ချိန်ကတည်းက NLD ပါတီအကြီးပိုင်းခေါင်းဆောင်တွေနဲ့အတူ ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခြင်းခံထားရာကနေ ပြီးခဲ့တဲ့အပတ်အမျိုးသားနေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ အကျဉ်းသား (၆၀၀၀)ဦးကျော်ထဲမှာ ပါဝင်လာခဲ့ပြီး လက်ရှိမိခင်နိုင်ငံ သြစတြေးလျကို ပြန်ရောက်ရှိခဲ့တာပါ။

၎င်းကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ လူဝင်မှုကြီးကြပ်ရေးဉပဒေချိုးဖောက်မှုကြောင့်လို့ စစ်ကောင်စီကမတရားပုဒ်မတပ် စွပ်စွဲပြီး စက်တင်ဘာလအတွင်း ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့တာကနေ ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံရဲ့ ဖိအားအပါအဝင် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ပြီးနောက် အခုလိုလွတ်မြောက်လာခဲ့ရတာလည်း ဖြစ်တယ်လို့ဆိုပါတယ်။

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်နဲ့ နေပြည်တော်အကျဉ်းထောင်တွေမှာ နိုင်ငံခြားသားတစ်ဦးအနေနဲ့ ရက်ပေါင်း ၆၅၀ ကြာအောင် ဖြတ်သန်းနေထိုင်ခဲ့ရတဲ့ ရှောင်တာနယ်လ်ဟာ ကိုဗစ်၁၉ ရောဂါကို (၅)ကြိမ် ကူးစက်ခံရပြီး အိပ်ယာခင်းမပါ လချီတိုက်ပိတ်ခံရမှုစတဲ့ ကြောက်မက်ဖွယ်ကြုံတွေ့ရပုံတွေကို The Australian Dailyသတင်းမီဒီယာနဲ့ အင်တာဗျူးချိန်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်မှုတွေအားလုံး ချပြသွားခဲ့တာပါ။

အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့မှ စတင်ကာ မြန်မာပြည်သူတွေရဲ့အိပ်မက်တွေ ပျက်သုန်းခဲ့ရတာကြောင့် စစ်ကောင်စီ တာဝန်ရှိသူနဲ့အတူ ၎င်းတို့နဲ့ပတ်သက်တဲ့ဘဏ်လုပ်ငန်းရှင်တွေကိုလည်း ဒဏ်ခတ်အရေးယူသင့်တယ်လို့ အင်တာဗျူးထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

သြစတြေးလျအစိုးရအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုကြောင့် စစ်လက်နက်တင်ပို့မှုတွေ ပိတ်ပင်ထားတဲ့အပြင် မိမိတို့နိုင်ငံထဲမှာရှိတဲ့ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး(၅)ဦးတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်ထားခဲပြီးဖြစ်ပါတယ်။

ကိုးကား – The Australian Daily အင်တာဗျူးမှ

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်