အကြမ်းဖက်စစ်သူပုန်က ဟားခါးတွင် ဂြိုလ်တုစလောင်းတွေအတင်းအဓမ္မ ဖြုတ်ပေး

ချင်းပြည်နယ်၊ဟားခါးမြို့တွင် အကြမ်းဖက်စစ်သူပုန်တွေက မြို့ပေါ်ရှိ PSI နဲ့ TATA ဂြိုလ်တုစလောင်းတွေ ဒီနေ့တွင် အတင်းအဓမ္မဖြုတ်ပေးကြောင်းသတင်းရရှိပါတယ်။

တချို့အိမ်တွေမှာ စလောင်းဒယ်အိုးနဲ့ စက်ကို စစ်တပ်က သိမ်းယူသွားကြပါတယ်။

စလောင်းဒယ်အိုးနဲ့ စက် သိမ်းစည်းခံရတဲ့ ဒေသခံတစ်ဦးက “ကျနော်တို့နာမည်ကို ရေးပြီးတော့ စက်နဲ့ စလောင်းကို ယူသွားကြတယ်။ ပြန်ပေးမယ်လို့ပြောသွားတယ်” လို့ပြောပါတယ်။

စစ်ကောင်စီက မြန်မာနိုင်ငံနေရာအနှံ့က ဂြိုလ်တုစလောင်းတွေသိမ်းယူသွားပြီး ယင်းလိုင်းလည်းပိတ်ထားကြတယ်လို့သတင်းရရှိပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ဝါဒဖြန့်ချီရေးမှာအသုံးပြုထုတ်လွှင့်တဲ့ MWD နဲ့ MRTV နဲ့ စစ်တပ်အလိုကျထုတ်လွှင့်ပေးတဲ့ လိုင်းတွေသာကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်