အကြမ်းဖက်စစ်သူပုန်က ဟားခါးတွင် ဂြိုလ်တုစလောင်းတွေအတင်းအဓမ္မ ဖြုတ်ပေး

ချင်းပြည်နယ်၊ဟားခါးမြို့တွင် အကြမ်းဖက်စစ်သူပုန်တွေက မြို့ပေါ်ရှိ PSI နဲ့ TATA ဂြိုလ်တုစလောင်းတွေ ဒီနေ့တွင် အတင်းအဓမ္မဖြုတ်ပေးကြောင်းသတင်းရရှိပါတယ်။

တချို့အိမ်တွေမှာ စလောင်းဒယ်အိုးနဲ့ စက်ကို စစ်တပ်က သိမ်းယူသွားကြပါတယ်။

စလောင်းဒယ်အိုးနဲ့ စက် သိမ်းစည်းခံရတဲ့ ဒေသခံတစ်ဦးက “ကျနော်တို့နာမည်ကို ရေးပြီးတော့ စက်နဲ့ စလောင်းကို ယူသွားကြတယ်။ ပြန်ပေးမယ်လို့ပြောသွားတယ်” လို့ပြောပါတယ်။

Zalen ad

စစ်ကောင်စီက မြန်မာနိုင်ငံနေရာအနှံ့က ဂြိုလ်တုစလောင်းတွေသိမ်းယူသွားပြီး ယင်းလိုင်းလည်းပိတ်ထားကြတယ်လို့သတင်းရရှိပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ဝါဒဖြန့်ချီရေးမှာအသုံးပြုထုတ်လွှင့်တဲ့ MWD နဲ့ MRTV နဲ့ စစ်တပ်အလိုကျထုတ်လွှင့်ပေးတဲ့ လိုင်းတွေသာကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်