အဆင့်တိုးမြှင့်ကျောင်းများ ဒီနှစ်ကျောင်းဖွင့်ချိန်မှာ ကျောင်းသားသစ် စတင်လက်ခံနိုင်ပြီ

မေလ(၂၃)ရက်တွင်ကြေညာထားတဲ့ အဆင့်တိုးမြှင့်ကျောင်းတွေမှာ ဒီနှစ်ကျောင်းဖွင့်ချိန်မှာ ကျောင်းသားသစ်တွေ စတင်လက်ခံနိုင်ပြီလို့ မေလ(၂၄)ရက်မှာ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနကထုတ်ပြန်လိုက်ပါတယ်။

အခြေခံပညာဦးစီးဌာထုတ်ပြန်ချက်မှာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တါင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနရှိ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတါင် ပူးတွဲပါအတိုင်း အခြေခံပညာကျောင်းများ၊ ကျောင်း(ခွဲ)များနှင့် မူလတန်းလွန်ကျောင်းများကို ကျောင်းဖွင့်အမီ အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့မှ ကြိုတင်ခွင့်ပြုမိန့်ရရှိပြီးဖြစ်ပါသဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်ကျောင်းအပ်နှံရေးဆောင်ရွက်ချိန်၌ အဆင့်တိုးမြှင့်ဖွင့်လှစ်မည့်ကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ တက်ရောက်နိုင်ရေးလက်ခံဆောင်ရွက်သွားရန် အကြောင်းကြားပါသည်ဟုဖော်ပြထားသည်။

ချင်းပြည်နယ်မှ ကျောင်းပေါင်း(၃၀၉)ကျောင်းကိုအဆင့်တိုးမြှင့်လိုက်ပြီး အ.ထ.ကအဆင့်တိုး(၁၇)ကျောင်း၊ အ.ထ.က(ခွဲ)အဆင့်တိုး(၁၅)ကျောင်း၊ အ.လ.က အဆင့်တိုး(၁၀၅)ကျောင်း၊ အ.လ.က(ခွဲ)အဆင့်တိုး(၅၂)ကျောင်း၊ မူလွန် ကျောင်းအဆင့်တိုး(၄၃)ကျောင်း၊ အ.မ.က အဆင့်တိုး(၅၄) ကျောင်း၊ အ.မ.က(ခွဲ)အဆင့်တိုး (၃၃)ကျောင်း စသည်တို့ဖြစ်သည်။

Zalen ad

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂတို့ တောင်းဆို

မေ ၂၊ ၂၀၂၆Zalen နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နဲ့ ကုလသမဂ္ဂ တို့က တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာတာပါ။ ...

ဆက်ဖတ်ရန်