အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆
Zalen

အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။

ဒီပညာသင်ဆုဟာ အမေရိကန်အစိုးရရဲ့ အထင်ကရ ပညာသင်ဆုတစ်ခုဖြစ်ပြီး သတ်မှတ်ထားတဲ့ ဘာသာရပ်တစ်ခုတည်းမဟုတ်ဘဲ နယ်ပယ်စုံက ကျောင်းသားတွေ လျှောက်ထားနိုင်ပါတယ်။

နိုင်ငံရေးသိပ္ပံ၊ လူမှုဗေဒ၊ စိတ်ပညာ၊ သမိုင်းလို လူမှုသိပ္ပံနဲ့ ဝိဇ္ဇာဘာသာရပ်တွေ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုနဲ့ ပညာရေးနဲ့ မူဝါဒရေးရာ (Public Policy၊ Education Management)၊ သိပ္ပံနဲ့ နည်းပညာ (STEM) အိုင်တီ၊ အင်ဂျင်နီယာ၊ ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံ၊ ဥပဒေနဲ့ လူ့အခွင့်အရေး စတဲ့ ဘာသာရပ်တွေအတွက် ခေါ်ယူနေတာပါ။

Zalen ad

ရွေးချယ်ခံရတဲ့ ကျောင်းသားတွေအတွက် တက္ကသိုလ်ကျောင်းလခ အပြည့်အဝ၊ နေထိုင်စရိတ်နဲ့ လစဉ်ထောက်ပံ့ကြေး၊ အသွားအပြန် လေယာဉ်လက်မှတ်ကျန်းမာရေးအာမခံ စတာတွေကို အကုန်အကျခံ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ပညာသင်ဆုကို လျှောက်ထားဖို့အတွက် လျှောက်ထားသူဟာ ဘွဲ့တခုခု ရရှိထားသူဖြစ်ရပါမယ်။

၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်၊ မြန်မာစံတော်ချိန် ည ၁၁:၅၉ နာရီ နောက်ဆုံးထားပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်နှင့် လျှောက်ထားရန် Link: https://mm.usembassy.gov/fulbright-foreign-student-scholarship/

Helen

ဓာတ်ပုံ- U.S. Embassy Rangoon

#U.S. EmbassyRangoon#Fulbrightပညာသင်ဆု#လျှောက်လွှာခေါ်#Zalen

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂတို့ တောင်းဆို

မေ ၂၊ ၂၀၂၆Zalen နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နဲ့ ကုလသမဂ္ဂ တို့က တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာတာပါ။ ...

ဆက်ဖတ်ရန်