အမဲလိုက်နေစဉ် သေနတ်မတော်တဆမှု ဖြစ်ပွားလို့ သင်းအုပ်ဆရာတော်တစ်ပါး ကွယ်လွန်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ပီး‌ရွာသားများ ဖေဖော်ဝါရီ ၁၃ရက်တွင် အမဲလိုက်နေကြစဉ် သေနတ်မတော်တဆမှု ဖြစ်ပွားလို့ အသက် ၂၆နှစ်အရွယ် သင်းအုပ်ဆရာတော် ပါစတာ ကျူံးလျန်ထောင် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

တလန်ပီးရွာအနီး Cerhrang Kuam ဆိုသည့် တောတွင်းတစ်နေရာတွင် ရွာသားများ အမဲလိုက်နေစဉ် မတော်တဆမှုဖြစ်ပွားခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“Cerhrang Kuam မှာ အမဲလိုက်နေကြတာ သေနတ်မတော်တဆမှု ဖြစ်ပွားတာပါ။ တလန်ပီးရွာက ပါစတာတစ်ပါး ရင်အုံမှာ သေနတ်ဒဏ်ရာရရှိတယ်။ ရွာဖက်ကို သယ်ဆောင်နေကြစဉ် လမ်းမှာ ကွယ်လွန်သွားပါတယ်” လို့ ပြောပါတယ်။

သေ‌နတ်မတော်တဆမှုကြောင့် ကွယ်လွန်သွားသော ပါစတာဟာ တလန်ပီးရွာ COTR အသင်းတော်၌ အမှုတော်ထမ်းဆောင်နေသူဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နိုင်ငံတကာကနေ ငလျင်ဘေးအတွက် အကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထား

၁၅၊ ဧပြီ၊ ၂၀၂၅ Zalen နိုင်ငံတကာကကနေ ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထားပြီဖြစ်တယ်လို့ စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် နိုင်ငံ ၂၄ နိုင်ငံက အထောက်အပံ့ ...

ဆက်ဖတ်ရန်