အများဆုံးတူညီတဲ့ ချင်းဘုံစကားလုံး (၁၅၀၀) ရွေးချယ်ထားပြီဟုဆို

 

အများဆုံးတူညီတဲ့ ချင်းဘုံစကားလုံး (၁၅၀၀) ရွေးချယ်ထားပြီဟုဆို

Zalen ad

ချင်းဘုံစကားစုံ အဘိဓါန်ထုတ်ဝေဖို့ အများဆုံးတူညီတဲ့ ချင်းဘုံစကားလုံး (၁၅၀၀)ရွေးချယ်ထားပြီး ယင်းစကားလုံးတွေကို မကြာခင် အဘိဓါန်ထုတ်ဝေမယ်လို့ ချင်းလူမှုရေးအဖွဲ့၊ ရန်ကုန်ထံမှသတင်းရရှိပါတယ်။

ချင်းဘာသာစကားစုံအဘိဓါန်ထုတ်ဝေနိုင်ဖို့ (၆)ကြိမ်မြောက်အစည်းအဝေးကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ချင်းလူမှုရေးအဖွဲ့၊ ရန်ကုန်ရုံးတွင် ဒီကနေ့အစည်းအဝေးကျင်းပကြပါတယ်။

အရှိုချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ ဆလိုင်းထွန်းလှိုင်က “ချင်းစကားအမျိုးမျိုးကွဲတဲ့ထဲမှာ အသံကိုအခြေခံတဲ့ မူရင်းတူညီတဲ့စကား (၁၅၀၀)ကိုစုစည်းထားတယ်။ မျိုးနွယ်စု (၇)အုပ်စုခွဲထားတယ်။ အဲ့ထဲမှာအများဆုံးတူတဲ့ တစ်ခုကိုရွေးလိုက်တယ်။ ဒီစာအုပ်ထုတ်ပြီးရင် ချင်းမျိုးနွယ်စုအားလုံးမှာ အသိအမြင်လေးရရှိဖို့မျှော်လင့်တယ်” လို့ပြောပါတယ်။

အများဆုံးတူညီတဲ့ ချင်းဘုံစကားလုံးရွေးချယ်ပုံမှာ လူမျိုးစု ဘာသာစကား (၇)မျိုးမှရေးသားပြုစုထားတဲ့ စကားများအနက် အတူညီဆုံးစကားလုံး (၄)လုံးကိုရွေးချယ်ရန်၊ မိခင်စကားလုံးမဟုတ်တဲ့ မြန်မာနဲ့ အင်္ဂလိပ်စကားလုံးဖြင့် သုံးနှုန်းထားတဲ့ စကားလုံးတွင် ချင်းဘာသာဖြင့်တစ်လုံးတွေ့ရှိပါက ယင်းကိုရွေးချယ်ရန်၊ အညီအမျှတူညီသော စကားလုံးများနှစ်အုပ်စုအနက် စကားလုံးတိုပြီး အလွယ်ဆုံးစကားလုံးကို ရွေးချယ်ရန် စသည်တို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ကတုတ်ကျင်းထဲက ပျောက်ဆုံးနေတဲ့အနာဂတ်များ

စာရေးသူ- ပီအောင် ” ကလေးက နှနှစ်ပဲရှိသေးတယ်။ လေယာဉ်သံကြားရင် ကျွန်မဆီပြေးလာတယ်။ ကတုတ်ကျင်းထဲ ၀င်ရင်လည်း သူ့ဟာသူ နားပိတ်တတ်လာတယ်။ ကလေးကိုကြည့်ပြီးကျွန်မ အရမ်းပဲသောကရောက်ရတယ်” မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခဒေသ တွေမှာနေထိုင်ကြရတဲ့ ကလေးငယ် တွေအတွက် “ကတုတ်ကျင်း” ဆိုတဲ့ ...

ဆက်ဖတ်ရန်