အသစ် ပြဋ္ဌာန်းတဲ့ ဥပဒေမှာ စစ်တပ်ဆန့်ကျင်သူတွေနဲ့ CDM တွေကို နိုင်ငံကူးလက်မှတ်လုပ်ခွင့် တားမြစ်

မတ် ၁၈၊ ၂၀၂၆

Zalen

Zalen ad

အာဏာသိမ်းစစ်ကောင်စီဟာ CDM ဝန်ထမ်းတွေနဲ့ သူ့ကိုဆန့်ကျင်သူတွေကို ပစ်မှတ်ထားပြီး နိုင်ငံကူးလက်မှတ် (Passport) ထုတ်မပေးဘဲ တားမြစ်ပိတ်ပင်နိုင်မယ့် မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ (၂၀၂၆) ကို မတ်လ ၁၇ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီဥပဒေသစ်ရဲ့ပုဒ်မ ၂၉ (စ) အရ “နိုင်ငံတော်လုံခြုံရေးကို နှောင့်ယှက်သူ” လို့ ယူဆရသူတွေကို ပတ်စ်ပို့ထုတ်မပေးဘဲ ငြင်းပယ်ခွင့်ရှိတယ်လို့ ဆဖာ်ပြပါတယ်။

ဒါဟာ CDM တွေနဲ့ နိုင်ငံရေးပုဒ်မနဲ့ အရေးယူခံထားရသူတွေကို ပြည်ပထွက်ခွင့်ပိတ်ဖို့ တိတိကျကျ ရည်ရွယ်တာဖြစ်တယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။

လက်ရှိ နိုင်ငံကူးလက်မှတ်စာအုပ်တွေကနေ Chip ပါတဲ့ Electronic Passport စနစ်ကို ပြောင်းလဲမှာဖြစ်ပြီး လျှောက်ထားသူတိုင်း UID (ကိုယ်ပိုင်သက်သေခံအမှတ်) မဖြစ်မနေ ရှိရမယ်လို့ ဖော်ပြပါတယ်။

လက်ဗွေ၊ မျက်နှာသွင်ပြင်နဲ့ မျက်လုံး (Eye Scan) စတဲ့ Biometric data တွေကို ဗဟိုစနစ်နဲ့ ချိတ်ဆက်ထားမှာပါ။

ဒီဥပဒေအရ စစ်ကောင်စီရဲ့ ပတ်စ်ပို့ထုတ်ပေးရေးအဖွဲ့ဟာ ပတ်စ်ပို့အသစ်ကို ငြင်းပယ်နိုင်ရုံတင်မကဘဲ ထုတ်ပေးပြီးသား ပတ်စ်ပို့တွေကိုလည်း အချိန်မရွေး ပယ်ဖျက် (Cancel/Revoke) လုပ်ပိုင်ခွင့် အပြည့်အဝရှိနေပါတယ်။

ပတ်စ်ပို့ သက်တမ်းတိုးတာ ဒါမှမဟုတ် အသစ်လျှောက်တဲ့အခါ အခွန်ကင်းရှင်းကြောင်း အထောက်အထားတွေကိုပါ တင်ပြရမှာဖြစ်ပြီး၊ အရင်ကထက် စိစစ်မှုတွေ ပိုမိုတင်းကျပ်လာမှာဖြစ်ပါတယ်။

ပတ်စ်ပို့အတုလုပ်ရင် ဒါမှမဟုတ် နာမည်ပြောင်းတာလို အချက်အလက်ပြင်ရင် ထောင်ဒဏ် ၆ လ ကနေ ၃ နှစ်အထိ နဲ့ ပတ်စ်ပို့ကို ရောင်းစားရင် ဒါမှမဟုတ် ပေါင်နှံရင် ထောင်ဒဏ် ၁ နှစ် နဲ့ ဒဏ်ငွေ ၁၀ သိန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်မှာပါ။

ဒီဥပဒေဟာ ၁၉၂၀ ခုနှစ်က ကျင့်သုံးခဲ့တဲ့ ဥပဒေဟောင်းကို အစားထိုးလိုက်တာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ နိုင်ငံသားတွေရဲ့ ပြည်ပထွက်ခွာခွင့်ကို ဥပဒေကြောင်းအရ ပိုမိုချုပ်ကိုင်လိုက်တာလည်း ဖြစ်ပါတယ်။

Mary

#နိုင်ငံကူးလက်မှတ်#CDM#တားမြစ်#Zalen

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂတို့ တောင်းဆို

မေ ၂၊ ၂၀၂၆Zalen နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နဲ့ ကုလသမဂ္ဂ တို့က တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာတာပါ။ ...

ဆက်ဖတ်ရန်