အာဏာမသိမ်းခင်က တရားရုံးများတွင် စွဲဆိုထားသော ခိုးမှုအပါအဝင်အမှုအချို့ကို ပိတ်သိမ်းမည်ဟု စစ်ကောင်စီကြေညာ

မူးယစ်ဆေးဝါးအမှုအချို့နှင့် ပြည့်တန်ဆာအမှုများအပါအဝင် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာမသိမ်းခင်က တရားရုံးတွင် စွဲဆိုထားသောအမှုအချို့ကို ပိတ်သိမ်းကြောင်း စစ်ကောင်စီက ၎င်းပိုင် မြန်မာအသံနှင့်ရုပ်မြင်သံကြားမှတဆင့် ယနေ့ညတွင် ကြေညာသွားသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် တရားရုံးထုတ်မစစ်ဆေးနိုင်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အချို့အမှုများကို ပိတ်သိမ်း၍ တရားခံများ အချုပ်မှလွှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ကြေညာချက်တွင် ပါရှိသည်။

ပိတ်သိမ်းလိုက်သော ကြားနာစစ်ဆေးဆဲအမှုများမှာ
– ရာဇသတ်ကြီးပုဒ်မ ၃၇၉၊ ၃၈၀ နှင့် ၃၇၉/ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၊ ၃၈၀/ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ (ခိုးမှု)
– သစ်တောဥပဒေပါပုဒ်မ ၄၂ နှင့် ၄၃ တို့မှအပ ကျန်ပြစ်မှုတစ်ခုခု
– လောင်းကစားဥပဒေပါပြစ်မှုတစ်ခုခု
– ယစ်မျိုးအက်ဥပဒေပါပြစ်မှုတစ်ခုခု
– ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်ဥပဒေပါပြစ်မှုတစ်ခုခု
– မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆ နှင့် အားပေးကူညီမှုများ
– မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က) နှင့် အားပေးကူညီမှုများ (မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့်စပ်လျဉ်း၍ ယင်းဥပဒေပုဒ်မ ၂၆ အရ အလေးချိန်သတ်မှတ်ချက် သုံးဂရမ်ဖြစ်ပါက ၁၀ ဂရမ်နှင့်အေက်သော်လည်းကောင်း၊ ၁၀၀ ဂရမ်ဖြစ်ပါက ၂၀၀ ဂရမ်နှင့်အောက်သော်လည်းကောင်း၊ ဘိန်းစာရွက်အစိုဖြစ်ပါက ၁၀ ကီလိုဂရမ်နှင့်အောက်သော်လည်းကောင်း၊ ဘိန်းစာရွက်အခြောက် သို့မဟုတ် ဘိန်းစာမှုန့်ဖြစ်ပါက ငါးကီလိုဂရမ်နှင့်အောက်သော်လည်းကောင်း သိမ်းဆည်းရမိမှုများအတွက်သာ)
– လက်နက်ဥပဒေပုဒ်မ ၁၉ (င)
– ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပါပြစ်မှုတစ်ခုခု
– ရဲအက်ဥပဒေပါပြစ်မှုတစ်ခုခု
– ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါပြစ်မှုတစ်ခုခုတို့ဖြစ်သည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်