အာဏာလုစစ်တပ်ကပစ်ခတ်လို့ နတ်ချောင်းတွင် အသက် (၁၃)နှစ်ကလေးတစ်ယောက်အပါအဝင် လူ (၂)ယောက်ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နတ်ချောင်းကျေးရွာက အသက် (၁၃)နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် လူ (၂)ယောက်တို့ဟာ ဧပြီလ (၂)ရက်နေ့က ကျဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

အာဏာလုစစ်ကောင်စီတပ်က နတ်ချောင်းနဲ့ ချောင်းခွရွာကြားက ရထားသံလမ်းပေါ်တွင် နတ်ချောင်းရွာသား (၁၃)နှစ်အရွယ် မောင်ညီနိုင်ဖြိုးဟာ ဝမ်းဗိုက်ကျည်ထိလို့ ကျဆုံးသွားပါတယ်။

လယ်မှဆိုင်ကယ်နဲ့ပြန်လာတဲ့ နတ်ချောင်းရွာသား ကိုအောင်နိုင်ထွေး (၂၂နှစ်)ကို ချောင်းခွရွာအကျော် ပါမွန်ချောင်းတံတား (ကလေး-ဂန့်ဂေါလမ်း)မှာ အာဏာလုစစ်တပ်က ပေါင်နဲ့ ခေါင်းကို ပစ်ခတ်လို့ ယင်းနေရာတွင် ကျဆုံးသွားပါတယ်။

ဒေသခံတစ်ဦးက “စစ်တပ်က မြင်မြင်သမျှကိုလိုက်ပစ်နေကြတာ။ အဲ့နေ့က သူတို့ကလေးဘက်ကို ဆုတ်ရင်းနဲ့ပစ်တာ။ အလောင်းကို မနေ့ညကပဲ ချက်ချင်းသဂြိုလ်ကြတယ်” လို့ပြောပါတယ်။

နတ်ချောင်းကျေးရွာအနီးတစ်ဝိုက်တွင် အာဏာလုစစ်ကောင်စီတပ်နဲ့ ပြည်သူကြား မတ်လ (၃၁)ရက်မှ ဧပြီ (၂)ရက်နေ့ထိ ပစ်ခတ်မှုကြောင့် ပြည်သူ (၇)ယောက် ကျဆုံးသွားပါတယ်။

အာဏာလုစစ်ကောင်စီတပ်တွေဟာ ကလေးမြို့တောင်ပိုင်းဘက်ကနေ မြို့ထဲကိုပြန်ဆုတ်သွားလို့ တောင်ပိုင်းဘက်တွင် သေနတ်သံမကြားရတော့ပေမယ့် မြို့ထဲမှာ ခံတပ်ဆောက်ထားတဲ့ပြည်သူတွေနဲ့ ဒီနေ့ အခြေအနေတင်းမားနေကြပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်