အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ မပေါက်ကွဲပဲကျန်ခဲ့တဲ့လက်နက်ကြီးပေါက်ကွဲလို့ အမျိုးသမီး၁ ယောက်သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် မပေါက်ကွဲပဲ ကျန်ခဲ့တဲ့လက်နက်ကြီးတစ်လုံး ဒီနေ့ ဇန်နဝါရီလ ၁၁ ရက် နေ့လည် ၂ နာရီလောက်က ပေါက်ကွဲတာကြောင့် ခွီရိန်ကျေးရွာက အမျိုးသမီး ၂ ဦးထိမှန်လို့ တစ်ဦးသေဆုံးသွားတယ်လို့ သတင်းရရှိထားပါတယ်။

သေဆုံးသူဟာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးဖြစ်ပြီး ကျန်အမျိုးသမီးမှာ ထိခိုက်ဒဏ်ရာရရှိထားတယ်လို့သိရတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ CDF-Mindat တပ်ဖွဲ့ဟာ မင်းတပ်-မတူပီလမ်းပေါ်တွင် မနေ့ ဇန်နဝါရီ ၁၀ ရက်ကနေ ယနေ့ထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရတယ်။

Zawgyi

Zalen ad

အာဏာသိမ္းစစ္ေကာင္စီတပ္ရဲ႕ မေပါက္ကြဲပဲက်န္ခဲ့တဲ့လက္နက္ၾကီးေပါက္ကြဲလုိ႔ အမ်ဳိးသမီး၁ ေယာက္ေသဆံုး

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္မွာ အာဏာသိမ္းစစ္ေကာင္စီတပ္ စစ္ေၾကာင္းထိုးစဥ္ မေပါက္ကြဲပဲ က်န္ခဲ့တဲ့လက္နက္ၾကီးတစ္လံုး ဒီေန႔ ဇန္နဝါရီလ ၁၁ ရက္ ေန႔လည္ ၂ နာရီေလာက္က ေပါက္ကြဲတာေၾကာင့္ ခြီရိန္ေက်းရြာက အမ်ဳိးသမီး ၂ ဦးထိမွန္လုိ႔ တစ္ဦးေသဆံုးသြားတယ္လုိ႔ သတင္းရရွိထားပါတယ္။

ေသဆံုးသူဟာ အသက္ ၆၀ ေက်ာ္အရြယ္အမ်ဳိးသမီးျဖစ္ၿပီး က်န္အမ်ုိးသမီးမွာ ထိခိုက္ဒဏ္ရာရရွိထားတယ္လုိ႔သိရတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ CDF-Mindat တပ္ဖြဲ႔ဟာ မင္းတပ္-မတူပီလမ္းေပၚတြင္ မေန႔ ဇန္နဝါရီ ၁၀ ရက္ကေန ယေန႔ထိ တုိက္ပြဲျဖစ္ပြားေနတယ္လုိ႔သိရတယ္။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်