အာဏာသိမ်းစစ်ကောင်စီတပ်က ၂ရက်ဆက်တိုက် ထန်တလန်မြို့ကိုမီးရှို့ရာ လူနေအိမ် ၁၀၀ ကျော်မီးလောင်

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၅ ရက်နဲ့ ၂၇ ရက်နေ့တွင် ထပ်မံမီးရှို့ရာ လူနေအိမ် ၁၀၁ လုံးမီးလောင်သွားတယ်လို့ Thantlang Placement Affairs Committee ကထုတ်ပြန်ထားပါတယ်။

မီးရှို့ခံရတဲ့ ရပ်ကွက်တွေကတော့ ဇုန်မှုရပ်ကွက် ၂၄ အိမ်၊ ဈေးရပ်ကွက် ၂၂ အိမ်၊ ကျောင်းရပ်ကွက် ၈ အိမ်၊ ဘုရားကျောင်းရပ်ကွက် ၄၂ အိမ်၊ TABC ရပ်ကွက် ၅ အိမ် တို့ဖြစ်ပါတယ်။

ထန်တလန်မြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၁ခုနှစ် စက်တင်ဘာ ၉ ရက်တွင် စတင်မီးရှို့ပြီး ၂၀၂၁ ခုနှစ်ထဲမှာ ၁၈ ကြိမ် မီးရှို့ကာ လူနေအိမ် ၆၉၀ မီးလောင်ပြာကျသွားပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာ ဇန်နဝါရီလတွင် ၅ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၃ ကြိမ် မီးရှို့လို့ လူနေအိမ် ၃၆၈ လုံးမီးလောင်သွားပါတယ်။

Zalen ad

အခုချိန်ထိ ထန်တလန်မြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂၆ ကြိမ်မီးရှို့ကာ လူနေအိမ် ၁၀၅၈ လုံးမီးလောင်ပြာကျသွားပါပြီ။ မီးလောင်တဲ့ထဲမှာ ပြည်သူပိုင်အဆောက်အအုံ (၉)လုံး၊ ဘာသာရေးဆိုင်ရာအဆောက်အအုံ (၂၈) လုံး၊ စုစုပေါင်း (၃၇) လုံးပြာကျသွားပါတယ်။

Zawgyi

အာဏာသိမ္းစစ္ေကာင္စီတပ္က ၂ရက္ဆက္တုိက္ ထန္တလန္ၿမိဳ႕ကိုမီးရိႈ႕ရာ လူေနအိမ္ ၁၀၀ ေက်ာ္မီးေလာင္

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ကို အာဏာသိမ္းစစ္ေကာင္စီတပ္က ေဖေဖာ္ဝါရီလ ၂၅ ရက္နဲ႔ ၂၇ ရက္ေန႔တြင္ ထပ္မံမီးရိႈ႕ရာ လူေနအိမ္ ၁၀၁ လံုးမီးေလာင္သြားတယ္လုိ႔ Thantlang Placement Affairs Committee ကထုတ္ျပန္ထားပါတယ္။

မီးရိႈ႕ခံရတဲ့ ရပ္ကြက္ေတြကေတာ့ ဇုန္မႈရပ္ကြက္ ၂၄ အိမ္၊ ေဈးရပ္ကြက္ ၂၂ အိမ္၊ ေက်ာင္းရပ္ကြက္ ၈ အိမ္၊ ဘုရားေက်ာင္းရပ္ကြက္ ၄၂ အိမ္၊ TABC ရပ္ကြက္ ၅ အိမ္ တို႔ျဖစ္ပါတယ္။

ထန္တလန္ၿမိဳ႕ကို အာဏာသိမ္းစစ္ေကာင္စီတပ္က ၂၀၂၁ခုႏွစ္ စက္တင္ဘာ ၉ ရက္တြင္ စတင္မီးရိႈ႕ၿပီး ၂၀၂၁ ခုႏွစ္ထဲမွာ ၁၈ ၾကိမ္ မီးရိႈ႕ကာ လူေနအိမ္ ၆၉၀ မီးေလာင္ျပာက်သြားပါတယ္။ ၂၀၂၂ ခုႏွစ္ထဲမွာ ဇန္နဝါရီလတြင္ ၅ ၾကိမ္၊ ေဖေဖာ္ဝါရီလတြင္ ၃ ၾကိမ္ မီးရိႈ႕လို႔ လူေနအိမ္ ၃၆၈ လံုးမီးေလာင္သြားပါတယ္။

အခုခ်ိန္ထိ ထန္တလန္ၿမိဳ႕ကို အာဏာသိမ္းစစ္ေကာင္စီတပ္က ၂၆ ၾကိမ္မီးရိႈ႕ကာ လူေနအိမ္ ၁၀၅၈ လံုးမီးေလာင္ျပာက်သြားပါၿပီ။ မီးေလာင္တဲ့ထဲမွာ ျပည္သူပိုင္အေဆာက္အအံု (၉)လံုး၊ ဘာသာေရးဆိုင္ရာအေဆာက္အအုံ (၂၈) လံုး၊ စုစုေပါင္း (၃၇) လံုးျပာက်သြားပါတယ္။

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်