အာဏာသိမ်းသမ္မတက နိုင်ငံသူ/သားများရဲ့ Mindset မြှင့်တင်ရေး ဆောင်ရွက်မယ်ပြော

ဧပြီ ၂၁၊ ၂၀၂၆

Zalen

Zalen ad

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးမှာ မနေ့က ကျင်းပခဲ့တဲ့ အစည်းအဝေးတခုမှာ အာဏာသိမ်းသမ္မတက နိုင်ငံရဲ့ ပညာရေးကဏ္ဍကို မြှင့်တင်ပြီး နိုင်ငံသူ/သားများရဲ့ စိတ်နေစိတ်ထား (Mindset) ကို မြင့်မားလာအောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ အစည်းအဝေးအတွင်း ဒီနှစ်ဘဏ္ဍာနှစ်အတွက် ပညာရေးကဏ္ဍကို နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။ အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်ယူဆောင်ရွက်ရမယ်လို့ ပြောခဲ့ပြီး ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ပညာရေးနဲ့ ကျန်းမာရေးက အရေးကြီးတဲ့ကဏ္ဍတွေဖြစ်တယ်လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ ပညာရေးသမိုင်းကို လွတ်လပ်ရေးမရမီကာလနဲ့ လွတ်လပ်ရေးရပြီးနောက်ဆိုပြီး နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။ လွတ်လပ်ရေးမရခင်ကာလမှာ ပညာရေးစနစ် မပြည့်စုံခဲ့သလို၊ လွတ်လပ်ရေးဆုံးရှုံးပြီးနောက်ပိုင်းမှာလည်း လွတ်လပ်ရေး ပြန်လည်ရရှိရေး ကြိုးပမ်းမှုတွေကြောင့် ပညာရေးအပိုင်းမှာ အားနည်းချက်တွေရှိခဲ့တယ်လို့ ဆိုပါတယ်။ လွတ်လပ်ရေးရပြီးနောက်မှာလည်း နိုင်ငံရေးအမြင်ကွဲပြားမှုနဲ့ တိုင်းရင်းသားရေး ပြဿနာတွေကြောင့် ပညာသင်ကြားရေး အခက်အခဲတွေ ဆက်ရှိနေခဲ့တယ်လို့ ပြောပါတယ်။

လူအများစု ပညာရေးအဆင့် တိုးတက်လာစေဖို့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် KG+9 ကို မသင်မနေရ ပညာရေးစနစ်အဖြစ် ပြောင်းလဲပြီး သူတို့အစိုးရ ငါးနှစ်တာကာလအတွင်း ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။ ဒီလို ပညာရေးထဲ ရင်းနှီးမြှုပ်နှံတာဟာ နိုင်ငံအနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေး အားနည်းချက်တွေကို ပြန်လည်သုံးသပ်ကြည့်ရင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မရှိခဲ့တာကနေ စတင်လာတာဖြစ်တယ်လို့လည်း အာဏာသိမ်းသမ္မတမှ ပြောကြားခဲ့ပါတယ်။

‌နွေဦး

ဓာတ်ပုံ-လူမှုကွန်ယက်

#ပညာရေးကဏ္ဍ#Mindset #မြှင့်တင်ရေး #Zalen

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်