အိန္ဒိယအစိုးရက နာဂဒေသ အိန္ဒိယ- မြန်မာနယ်စပ်မှာ ခြံစည်းရိုးကာရံဖိုပြင်ဆင်နေ

နိုဝင်ဘာ ၁၇၊ ၂၀၂၅။

Zalen

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသနဲ့ အိန္ဒိယ နယ်စပ်မှာ အိန္ဒိယအစိုးရက ခြံစည်းရိုးကာရံဖို့ စတင်လုပ်ဆောင်နေပြီလို့ ဒေသသတင်းအရင်းအမြစ်ဆီက သိရပါတယ်။

ယခုနိုဝင်ဘာလ ဆန်းပိုင်ကစပြီး အိန္ဒိယအစိုးရက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ အိန္ဒိယ- မြန်မာ နယ်စပ် တွေမှာ အိန္ဒိယအစိုးရက လုပ်ငန်းသုံး စက်ယန္တရားများကို ပို့ဆောင်နေတယ်လို့သိရပါတယ်။

Zalen ad

အိန္ဒိယအစိုးရက နာဂဒေမှာ နယ်စပ်ခြံစည်းရိုးကာရံတာ ဒေသခံ‌နာဂ လူမျိုးများအတွက် အခက်ခဲအများကြီးရှိလာနိုင်တာကြောင့် ဒေသခံများစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

အိန္ဒိယအစိုးရက ဒေသခံပြည်သူတွေရဲ့ ဆန္ဒမပါဘဲ တစ်ဖက်သတ်လုပ်ဆောင်နေမှုကြောင့် နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ ဌာနေနာဂလူမျိုးများရဲ့ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ပညာရေး များထိခိုက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် အိန္ဒိယအစိုးရရဲ့ နယ်စပ်ခြံစည်းရိုးကာရံမှုလုပ်ငန်းပြင်ဆင်လာမှုကို မြန်မာဘက်ခြမ်းရှိ နာဂဒေသက အရပ်ဘက်အဖွဲ့အစည်းများနဲ့ ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရန်ပြင်ဆင်ထားတယ်လို့လည်းသိရပါတယ်။

အခုလို အိန္ဒိယအစိုးရက စတင်ဆောက်လုပ်မယ့်နေရာဟာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်မှတ်တိုင် အမှတ် ၁၇၃ ကနေ ၁၇၂ဘက် ကို ဦးတည်ပြီး ယခုနှစ် ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၇ဖာလုံထိကာရံဖို့ပြင်ဆင်ထားတယ်လို့ ဒေသသတင်းများအရသိရပါတယ်။

တဘက်မှာလည်း အိန္ဒိယအစိုးရက တမူး-ကဘော်ဒေသနဲ့ မဏိပူရ်ပြည်နယ်၊ ကြားက အိန္ဒိယ-မြန်မာမှာနယ်စပ် ခြံစည်းရိုးကို ၂၀၂၂ ခုနှစ်ဇွန်လကနေစတင်ပြီး တစ်ကျော့ပြန် တည်ဆောက်လုပ်ငန်းအကောင်ထည်ဖော်လုပ်ဆောင်နေပြီး ၁၀ကီလိုမီတာကျော်ပြီးစီးနေပြီလို့သိရပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးကာရံမှုကို United Naga Council (UNC) နဲ့ နယ်စပ်ဒေသမှာနေထိုင်တဲ့ ဌာနေတိုင်းရင်းသား အရပ်ဘက်အဖွဲ့စည်းများက အကြိမ်ကြိမ်ကန့်ကွက်ခဲ့ကြပေမယ့် အိန္ဒိယအစိုးရက လိုက်လျောပေးခြင်းမရှိဘဲ ဆက်လက်လုပ်ငန်း အကောင်အထည်ဖော်နေဆဲဖြစ်ပါတယ်။

သတင်း – ချင်းတွင်းသား

ဓာတ်ပုံ – နာဂဒေသ အိန္ဒိယ-မြန်မာ ခြံစည်းရိုးကာရံပြင်ဆင်မှာအခြေနေ။

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်