အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာနဲ့ တရုတ်လင်မယားထံ ကန်ဒေါ်လာ ၇၇ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းဆီးရမိ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်က အိန္ဒိယနိုင်ငံ မဏီပူရ်ပြည်နယ် မိုးလေးမြို့မှာ  မြန်မာအမျိုးသမီးနဲ့ တရုတ်အမျိုးသား လင်မယားထံ မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ ၇၇ သန်းတန်ကို ရဲနဲ့ အမှတ် ၄၃ အာသံရိုင်ဖယ်တပ်သားတွေက ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။

သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကတော့ ဘိန်းဖြူမှုန့် (၅၄) ကီလိုဂရမ်၊ ဆပ်ပြာတုံးဆန်ဆန် အထုပ် (၃၉၃၆)ထုပ်၊ မူးယစ်ဆေးဝါးပုံဆောင်ခဲ (၁၅၂)ခုတို့ဖြစ်ပါတယ်။

၄င်းတို့ လင်မယားဟာ မန္တလေးမြို့ကလို့သိရပြီး ပိုင်ရှင်ကတော့ တမူးမြို့က မြန်မာနိုင်ငံသားတစ်ဦးဖြစ်တယ်လို့သိရတယ်။ မူးယစ်ဆေးဝါးတွေဟာ မဏီပူရ် မိုးလေးဘက်ကနေ တမူး၊ ကလေးကဘော်သို့ ပြန့်နှံ့လာပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးကဘော်ဒေသတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူတွေ ပေါ်ပေါ်တင်တင်လုပ်ဆောင်လာတဲ့တွက်ကြောင့် PDF-Kalay က သတိပေးစာထုတ်ပြန်ခဲ့ဖူးပါတယ်။

Zawgyi

Zalen ad

အိႏၵိယ-ျမန္မာနယ္စပ္တြင္ ျမန္မာနဲ႔ တ႐ုတ္လင္မယားထံ ကန္ေဒၚလာ ၇၇ သန္းတန္ဖိုးရွိ မူးယစ္ေဆးဝါးဖမ္းဆီးရမိ

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၇ ရက္က အိႏၵိယနိုင္ငံ မဏီပူရ္ျပည္နယ္ မိုးေလးၿမိဳ႕မွာ ျမန္မာအမ်ိဳးသမီးနဲ႔ တ႐ုတ္အမ်ိဳးသား လင္မယားထံ မူးယစ္ေဆးဝါး အေမရိကန္ေဒၚလာ ၇၇ သန္းတန္ကို ရဲနဲ႔ အမွတ္ ၄၃ အာသံရိုင္ဖယ္တပ္သားေတြက ဖမ္းဆီးရမိခဲ့တယ္လို႔ ေဒသတြင္းသတင္းေတြမွာေဖာ္ျပထားပါတယ္။

သိမ္းဆည္းရမိတဲ့ မူးယစ္ေဆးဝါးေတြကေတာ့ ဘိန္းျဖဴမႈန႔္ (၅၄) ကီလိုဂရမ္၊ ဆပ္ျပာတုံးဆန္ဆန္ အထုပ္ (၃၉၃၆)ထုပ္၊ မူးယစ္ေဆးဝါးပုံေဆာင္ခဲ (၁၅၂)ခုတို႔ျဖစ္ပါတယ္။

၄င္းတို႔ လင္မယားဟာ မႏၲေလးၿမိဳ႕ကလို႔သိရၿပီး ပိုင္ရွင္ကေတာ့ တမူးၿမိဳ႕က ျမန္မာနိုင္ငံသားတစ္ဦးျဖစ္တယ္လို႔သိရတယ္။ မူးယစ္ေဆးဝါးေတြဟာ မဏီပူရ္ မိုးေလးဘက္ကေန တမူး၊ ကေလးကေဘာ္သို႔ ျပန႔္ႏွံ့လာပါတယ္။ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ကေလးကေဘာ္ေဒသတြင္ မူးယစ္ေဆးဝါးေရာင္းဝယ္သူေတြ ေပၚေပၚတင္တင္လုပ္ေဆာင္လာတဲ့တြက္ေၾကာင့္ PDF-Kalay က သတိေပးစာထုတ္ျပန္ခဲ့ဖူးပါတယ္။

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်