အိန္ဒိယ- မြန်မာနယ်စပ် တစ်နေရာမှာ စစ်ဘေးရှောင် မွေးကင်စ ကလေးငယ် တစ်ဦး သွေးလွန်တုပ်ကွေးရောဂါနဲ့ သေဆုံး

၄၊ စက်တင်ဘာ ၂၀၂၃

Zalen

အိန္ဒိယ – မြန်မာနယ်စပ် မဏီပူရ်ပြည်နယ်၊ ဥခရုလ် ခရိုင်က မြန်မာစစ်ဘေး ရှောင်တစ်ဦးရဲ့ လသားအရွယ်ကလေးတစ်ယောက် သွေးလွန်တုပ်ကွေးရောဂါနဲ့ စက်တင်ဘာ ၂ရက်နေ့က သေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါ ဒေသမှာ မိုးရာသီတွင် အဖြစ်များတဲ့ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး၊ ငှက်ဖျားရောဂါနဲ့ ဝမ်းပျတ် ဝမ်းလျှော်ရောဂါတွေအဖြစ်များပြီး ဆေးဝါးကုသဖို့ကလည်း အိန္ဒိယ အတွင်းပိုင်း သွားရတာ ဖြစ်တဲ့အတွက် အခက်တွေ့နေကြတာလို့ စစ်ရှောများက ပြောပါတယ်။

Zalen ad

” ကလေးက လသားပဲရှိသေးတာပါ။ သွေးလွန်တုပ်ကွေးရောဖြစ်လို့ ဆေးကုသမှုမခံယူနိုင်ဘဲ ဆုံးပါးသွားတယ်။ ရောဂါတွေက များတယ် မိုးရာသီဆိုတော့။ ဝမ်ရောဂါ၊ ရာသီတုပ်ကွေး၊ ကျောက်ပေါက်၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါတွေနဲ့ ကလေးကောလူကြီးကောဖျားကြတာ။ ဆေးဝါးက သူတို့လာမှ ကုပေးကြတာပါ။ ကိုယ့်နိုင်ငံမဟုတ်တော့ အထဲထိဆေးဝါး သွားကုလို့မရဘူးလို့” စစ်ရှောင်တစ်ဦးက Zalen ကိုပြောပါတယ်။

ပြီးခဲ့တဲ့လကလည်း မြန်မာစစ်ဘေးရှောင် မွေးကင်းစ ကလေးငယ် တစ်ဦးအသားဝါရောဂါနဲ့ မီးတွင်းထဲမှာ သေဆုံးသွားတယ်လို့ မြန်မာ စစ်ဘေးရှောင်များက ပြောပါတယ်

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်