ချင်းပါတီ(၃)ခုပေါင်းစည်းကြောင်းလက်မှတ်ထိုးပွဲ နောက်လကျင်းပမယ်

ချင်းပါတီ(၃)ပါတီ ပေါင်းစည်းကြောင်း လက်မှတ်ထိုးပွဲနဲ့ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ (၂၉) ရက်မှာ ရန်ကုန်မြို့တွင်ကျင်းပမယ်လို့သိရပါတယ်။

အခုလို သဘောတူညီမှုကို သြဂုတ်လ (၂၅)ရက်မှာကျင်းပတဲ့ CPP, CNDP,CLD သုံးပါတီပေါင်းစည်းရေး (၁၀)ကြိမ်မြောက်အစည်းအဝေးမှာ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ထိုးတဲ့နေ့ သတင်းစာရှင်းလင်းပွဲလုပ်မယ်။ ညှိစရာနည်းနည်းလေး ကျန်နေသေးလို့ မပြောခိုင်းတာပါ။ စာသားအထားအသိုဘဲ။ လက်ရှိပါတီတွေ မဖျက်သေးဘူး၊ ပါတီသစ် မှတ်ပုံတင်ကျမှဖျက်မယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးမှ ဖျက်လို့ရမယ်။ အစမှာ ခေါင်းဆောင်တွေကို အလှည့်ကျ စနစ်နဲ့အရင်သွားမယ်၊ ပြီးရင် ညီလာခံ ခေါ်မယ်”လို့ ချင်းပါတီဝင်တစ်ဦးက ပြောပါတယ်။

ချင်းပါတီ(၃)ခုပေါင်းစည်းတဲ့ ပါတီနာမည်ကတော့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ဖြစ်ပြီး ပါတီပေါင်းစည်းပြီးမှသာ တိုင်းရင်းသားပါတီတွေမဟာမိတ်ပူးပေါင်းမယ့်ကိစ္စဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။ အဓိက ချင်းပါတီ(၃)ခု ပေါင်းစည်းပါက တခြားချင်းမျိုးနွယ်စုပါတီတွေလည်း လာရောက်ပူးပေါင်းမယ်လို့ ယခင်က မျိုးနွယ်စုပါတီတွေ ထုတ်ပြန်ထားတာလည်းရှိပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

တွန်းဇံမှာ စာသင်ကျောင်းတွေပြန်ဖွင့်ဖို့ တစ်ရွာကို ငွေကျပ်သိန်း ၃၀ စီ ကောက်ခံနေလို့ ဒေသခံတွေ စိုးရိမ်နေ

ဇွန် ၂၀၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း ဒေသတွင်း ပညာရေးဌာန တာဝန်ရှိသူတချို့က ကျောင်းတွေ ပြန်ဖွင့်ဖို့ဆိုပြီး ဒေသခံတွေဆီကနေ ငွေကြေးကောက်ခံတာတွေ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တွန်းဇံမြို့နယ် ပညာရေးမှူးက ...

ဆက်ဖတ်ရန်