ချင်းပြည်နယ်မှာ (၁၀)တန်းစာမေးပွဲပထမနေ့တွင် ပျက်ကွက် တစ်ထောင်ကျော်ရှိပြီး ပလက်ဝမြို့နယ်တွင်အများဆုံးဖြစ်

ဒီနေ့ကျင်းပတဲ့ တက္ကသိုလ်ဝင် စာမေးပွဲတွင် ချင်းပြည်နယ်မှာ ပျက်ကွက်သူ(၁၃၄၃)ဦးရှိပြီး ပလက်ဝမြို့နယ်မှာ ပျက်ကွက်သူအများဆုံး(၂၄၃)ဦးဖြစ်ပါတယ်။

မြန်မာစာဖြေဆိုတဲ့ နေ့မှာ ဖြေဆိုသူ စုစုပေါင်း (၁၀၇၇၁)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၈၈ ဒသမ ၉၁)ကလာရောက်ဖြေဆိုကြပါတယ်။

ဒီနှစ်ချင်းပြည်နယ်မှာ တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာန (၃၀)ရှိပါတယ်။ မြို့နယ်အလိုက် ဖြေဆိုသူနဲ့ ပျက်ကွက်စာရင်းတွေကတော့ ပလက်ဝ ဖြေဆို-၁၇၇၀ (ပျက်ကွက်-၂၄၃)၊ ကန်ပက်လက် ဖြေဆို-၆၀၈ (ပျက်ကွက်-၇၈)၊ မတူပီ ဖြေဆို-၁၂၇၃ (ပျက်ကွက်-၂၁၂)၊ မင်းတပ် ဖြေဆို-၁၃၅၇ (ပျက်ကွက်-၁၁၈)၊ တွန်းဇန် ဖြေဆို-၃၃၇ (ပျက်ကွက်-၆၀)၊ တီးတိန် ဖြေဆို-၂၀၆၂  (ပျက်ကွက်-၂၂၇)၊ ဖလမ်း ဖြေဆို-၁၁၂၈ (ပျက်ကွက်-၁၄၆)၊ ထန်တလန် ဖြေဆို -၄၅၀ (ပျက်ကွက်-၇၆)၊ ဟားခါး ဖြေဆို -၁၀၃၁ (ပျက်ကွက်-၁၈၃)ဦးတို့ဖြစ်ပါတယ်။

တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ (၆)ရက်နေ့ကနေ (၁၅)ရက်နေ့ထိ ဖြေဆိုသွားမှာဖြစ်တယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်