ချင်း နိုင်ငံရေးပါတီသစ်တစ်ခု မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှာအခြေစိုက်တဲ့ ချင်းတိုင်းရင်းသားများပါတီ (Chin National Party) ကို ၂၀၁၉ ခုနှစ်သြဂုတ်လ (၂)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်းထုတ်ပြန်ထားပါတယ်။

ယခင်က ယင်းပါတီဟာ ဧပြီလက ဌာနေချင်းတိုင်းရင်းသားများပါတီနာမည်နဲ့မှတ်ပုံတင်လျှောက်ထားပေမယ့် ကော်မရှင်ရုံးက ဌာနေဆိုတဲ့ စကားလုံးကိုပြန်လည်ပြင်ဆင်ဖို့အကြံပေးထားပါတယ်။ ဒါကြောင့် ဇွန်လမှာ ပါတီနာမည်ပြင်ဆင်ချက်နဲ့ ကော်မရှင်ထံထပ်မံတင်ပြပြီးအခုလို မှတ်ပုံတင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ချင်းတိုင်းရင်းသားများပါတီ ပထမခေါင်းဆောင် ဆလိုင်းအေးမင်းထွန်းက “အရှိုချင်းအမျိုးသားပါတီက ပြည်နယ်ပြည်ပက ချင်းမျိုးနွယ်စုတွေအားလုံး ကိုးစားမပြုနိုင်ပါဘူး။ ဒါကြောင့် ပြည်နယ်ပြင်ပ ချင်းတွေအားလုံးကိုယ်စားပြုမယ့်ပါတီထောင်တာပါ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် ချင်းရေးရာဝန်ကြီးနေရာကိုဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်။ ပြီးတော့ အရှိုချင်းတွေထဲမှာ သမိုင်းထင်ရှားတဲ့ပုဂ္ဂိုလ်တွေရဲ့ မျိုးဆက်တွေကို ရွေးကောက်ပွဲဝင်ပြိုင်ပေးဖို့ကမ်းလှမ်းသွားမှာပါ” လို့ပြောပါတယ်။

ပါတီရုံးချုပ်ကို သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကျောက်အိုးတောင်ကျေးရွာမှာ ဖွင့်လှစ်ထားပါတယ်။ ပါတီမှတ်ပုံတင်အမှတ် (၁၁၈)ဖြစ်ပါတယ်။

(Zawgyi)

ခ်င္း ႏိုင္ငံေရးပါတီသစ္တစ္ခု မွတ္ပံုတင္ခြင့္ျပဳလိုက္ၿပီ

မေကြးတုိင္းေဒသၾကီး ေအာင္လံၿမိဳ႕နယ္မွာအေျခစိုက္တဲ့ ခ်င္းတုိင္းရင္းသားမ်ားပါတီ (Chin National Party) ကို ၂၀၁၉ ခုႏွစ္ၾသဂုတ္လ (၂)ရက္ေန႔တြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က မွတ္ပံုတင္ခြင့္ျပဳလုိက္ေၾကာင္းထုတ္ျပန္ထားပါတယ္။

ယခင္က ယင္းပါတီဟာ ဧၿပီလက ဌာေနခ်င္းတုိင္းရင္းသားမ်ားပါတီနာမည္နဲ႔မွတ္ပံုတင္ေလွ်ာက္ထားေပမယ့္ ေကာ္မရွင္ရံုးက ဌာေနဆိုတဲ့ စကားလံုးကိုျပန္လည္ျပင္ဆင္ဖို႔အၾကံေပးထားပါတယ္။ ဒါေၾကာင့္ ဇြန္လမွာ ပါတီနာမည္ျပင္ဆင္ခ်က္နဲ႔ ေကာ္မရွင္ထံထပ္မံတင္ျပၿပီးအခုလို မွတ္ပံုတင္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

ခ်င္းတုိင္းရင္းသားမ်ားပါတီ ပထမေခါင္းေဆာင္ ဆလုိင္းေအးမင္းထြန္းက “အရႈိခ်င္းအမ်ဳိးသားပါတီက ျပည္နယ္ျပည္ပက ခ်င္းမ်ဳိးႏြယ္စုေတြအားလံုး ကိုးစားမျပဳႏိုင္ပါဘူး။ ဒါေၾကာင့္ ျပည္နယ္ျပင္ပ ခ်င္းေတြအားလံုးကိုယ္စားျပဳမယ့္ပါတီေထာင္တာပါ။ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာလည္း မေကြးတိုင္းနဲ႔ ရခုိင္ျပည္နယ္ ခ်င္းေရးရာဝန္ၾကီးေနရာကိုဝင္ေရာက္ယွဥ္ျပိဳင္မွာျဖစ္တယ္။ ၿပီးေတာ့ အရိႈခ်င္းေတြထဲမွာ သမိုင္းထင္ရွားတဲ့ပုဂၢိဳလ္ေတြရဲ႕ မ်ဳိးဆက္ေတြကို ေရြးေကာက္ပြဲဝင္ျပိဳင္ေပးဖို႔ကမ္းလွမ္းသြားမွာပါ” လို႔ေျပာပါတယ္။

ပါတီရံုးခ်ဳပ္ကို သရက္ခရိုင္၊ ေအာင္လံၿမိဳ႕နယ္၊ ေက်ာက္အိုးေတာင္ေက်းရြာမွာ ဖြင့္လွစ္ထားပါတယ္။ ပါတီမွတ္ပံုတင္အမွတ္ (၁၁၈)ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်