မကွေးတိုင်းမှာ ချင်းပါတီသစ်တစ်ခုတည်ထောင်

မကွေးတိုင်းဒေသကြီး အောင်လံမြို့ကနေ “ဌာနေချင်းတိုင်းရင်းသားပါတီ”ကို့တည်ထောင်ဖို့ ဒီကနေ့(စက်တင်ဘာ ၂၇)ဆုံးဖြတ်လိုက်ပါပြီ။

ပါတီထူထောင်ရေး အစည်းအဝေးကို စက်တင်ဘာ (၂၆)နဲ့ (၂၇)ထိကျင်းပပြီး ပါတီမှတ်ပုံတင်ကို အောက်တိုဘာလတွင် ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်ထံပြုလုပ်သွားမယ်လို့သိရပါတယ်။

ပါတီထူထောင်ရေးဦးဆောင်ကော်မတီ ဥက္ကဌ ဆလိုင်အေးထွန်းမင်းက

ပါတီထူထောင်ရေးဦးဆောင်ကော်မတီ ဥက္ကဌ ဆလိုင်အေးထွန်းမင်းက “အခု မူဝါဒတွေရေးဆွဲထားပြီ။ တိုင်းပြည်ကို ဖက်ဒရယ်စနစ်နဲ့ထူထောင်တဲ့နေရာမှာ ပါဝင်နိုင်ဖို့ရည်ရွယ်ပါတယ်။ပြည်နယ်က ပါတီတွေနဲ့ မဟာမိတ်ဖွဲ့မယ်။ ဒီပွဲမှာတော့ အဓိက မကွေးနဲ့ရခိုင်က ချင်းကဦးဆောင်ပါတယ်။ နောက်ကျရင် ပဲခူးနဲ့ ရန်ကုန်ဘက်ကချင်းတွေလည်း ဆွဲခေါ်သွားမယ်။ ချင်းပြည်နယ် ပြင်ပမှာ အရှိုချင်းမဟုတ်တဲ့ တခြားချင်းမျိုးနွယ်စုတွေအများကြီးရှိတယ်။ အရှိုချင်းအမျိုးသားပါတီက အရှိုတစ်ခုကိုပဲ ကိုယ်စားပြုတယ်လို့ခံစားရတယ်ပေါ့။ ကျနော်တို့ကတော့ ပြည်နယ်ပြင်ပမှာရှိတယ် ချင်းမျိုးနွယ်စုအားလုံး ကိုယ်စားပြုတဲ့ပါတီပေါ့ဗျာ”လို့ပြောပါတယ်။

လက်ရှိ ချင်းနိုင်ငံရေးပါတီ(၃)ခုဟာ ပြန်လည်ပေါင်းစည်းဖို့ဆွေးနွေးဆုံးဖြတ်ထားပြီး စက်တင်ဘာ (၂၉)ရက်မှာ ပါတီပေါင်းစည်းရေးလက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်