စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စခန်း ၁၂ ခုကို တစ်ပြိုင်နက် တိုက်ခိုက်သိမ်းပိုက်လို့ NUG ထုတ်ပြန်

၄၊နိုဝင်ဘာ ၊၂၀၂၃

Zalen

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမှတ် ၁ စစ်ဒေသအတွင်းရှိ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကျွန်းလှမြို့နယ်နဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တို့တွင်အထိုင်ချထားသော စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများ နဲ့ အကျဉ်းစခန်းများကို နိုဝင်ဘာ ၂ ရက်နဲ့ ၃ ရက်တို့တွင် တစ်ပြိုင်နက်တည်း တိုက်ခိုက် ကာရန်သူ့စခန်း များသိမ်းပိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကသတင်းထုတ်ပြန်ပါတယ်။

ယင်းတိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ ဒေသကာကွယ် ရေးအဖွဲ့များနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ ပူး ပေါင်း လက်တွဲလျက် တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဆက်တိုက် သိမ်းပိုက်လျက် ရှိတယ်လို့ဆိုပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာရှိ စစ်တပ်အထိုင် စခန်းကုန်းကို ခန္တီးခရိုင်တပ်ရင်း (၁)၊ HPDF 124၊ HPDF မိုးကြိုး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်း တိုက်ခိုက်ကာသိမ်းပိုက်နိုင်ခဲ့ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ဝိတုတ်ကျေးရွာရှိ စစ်ကောင်စီအထိုင်တပ်စခန်းများကို တမူးခရိုင်တပ်ရင်း ၁ ၊ တမူးခရိုင်တပ်ရင်း ၂ ၊ အထူးလှုပ် ရှားတပ် ရင်း ၂ နှင့် မဟာမိတ် ABSDF ပူးပေါင်းတပ်ဖွဲ့တို့ ကစီနင်းတိုက်ခိုက်ခဲ့ပါတယ်။

အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြောက်စည်း ကျေးရွာရှိ စစ်ကောင်စီတပ် အထိုင်တပ်စခန်းကို ကလေးခရိုင်တပ်ရင်း ၄ ၊ CNDF၊ CDF KKG၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် စီးနင်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းနေ့ မွန်းတည့် ၁၂ နာရီ ၁၆ မိနစ်ဝန်းကျင်တွင် စစ်တပ်က Mi-35 အကြီးစားတိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်လည်းကောင်း၊ တိုက်ခိုက်ရေးလေယာဉ် ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး)၊ အမှတ် ၂၂၈ ခြေလျင်တပ်ရင်း၊ အမှတ် ၆၄၄ စစ်လက်နက်ပစ္စည်းတပ်စုတို့ကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့ပြစီမံချက် UG Drone အဖွဲ့တို့က Drone (၅) စီးဖြင့် တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ထို့အတူ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်အချိန် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ် ကျေးရွာအနီးရှိ အကျဉ်းစခန်း ၁ နဲ့ ၂ တို့ကို အထူးလှုပ်ရှားတပ်ရင်း ၂ က ဝင်ရောက် စီးနင်း တိုက်ခိုက် ခဲ့ပြီး အကျဉ်းစခန်း၂ ကို သိမ်းပိုက်ရရှိခဲ့ကာအကျဉ်းဦးစခန်း ၁ မှ ရဲဝန်ထမ်း ၂၀ ဦးက ပြည်သူ့ဘက်သို့ ကူးပြောင်းခဲ့ပြီး အကျဉ်းစခန်း ၁ ကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ထို့ပြင် နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ အောင်ချမ်းသာ ကျေးရွာရှိ စစ်တပ်၏ တပ်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၊ မြို့နယ်ရဲစခန်း ကို ကောလင်းခရိုင်ကွပ်ကဲရေးတပ်စိတ်၊ ကောလင်းခရိုင်တပ်ရင်း (၁)၊ ကောလင်းခရိုင် (၂)၊ ကောလင်း မြို့နယ် ပကဖနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က Jet Fighter နဲ့ Mi-35 အကြီးတို့ဖြင့် (၇)ကြိမ် လာရောက်တိုက်ခိုက်ခဲ့ပြီး ပြင်ဦးလွင် ရပ်ကွက်ရှိ ပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးခဲ့ရပါတယ်။

ဆက်လက်ပြီးတော့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ မီးသတ် ရုံးနှင့် တီဗီကုန်းတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ကောလင်းခရိုင်တပ်ရင်း ၄၊ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

 နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင်လည်း စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်၊ ဆင်စွယ်ရဲစခန်းကို ကန့်ဘလူခရိုင်တပ်ရင်း (၁)၊ ကျွန်းလှမြို့နယ်ပကဖတို့မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရ သည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ ဂန့်ဂေါခရိုင်တပ်ရင်း(၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ် ABSDF စစ်ကြောင်း (၃) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခွဲခန့်တွင် စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး ကျောက်ထုအခြေစိုက် အမှတ် (၃၇၁) အမြောက်တပ်ရင်းမှ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် မင်းရွာဒေသခံ အပြစ်မဲ့ပြည်သူ (၂) ဦး အသက်ဆုံးရှုံးခဲ့လို့သိ ရပါတယ်။

သတင်း-Grace

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်