စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မူကြောင့် မိန်းကလေး(၁)ဦးသေဆုံး၊ (၁)ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့၊ ရင်းကဲကျေးရွာအား အကြမ်းဖက်စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မူကြောင့် (၁၂) နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံးပြီး၊ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု မြေပြင်ဒေသရင်းမြစ်ထံက သိရှိရသည်။

မကွေးတိုင်း၊ လောင်းရှည်မြို့နယ်ဖက်မှ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ရိက္ခာလာပို့သည့် တင့်ကားနှစ်စီးပါ စစ်ယာဉ်တန်း ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်းအား (၃၀၀)ဝန်းကျင်နဲ့ CDF ကန်ပက်လက်တို့ ရင်းကဲကျေးရွာအနီးတွင် ထိတွေမူဖြစ်ခဲ့သည်ဟု ခေါနူးတပ်ရင်းက ဆိုသည်။

အိမ်ခြေ (၃၀၀)ခန့်ရှိ ရင်းကဲကျေးရွာအား စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်၍ လူနေအိမ်များ မီးလောင်ပြီး မီးဘေးသင့်ပြည်သူအား အရေးပေါ် ကူညီရန် အဖွဲ့အစည်းများ လိုအပ်နေဟု သိရှိရသည်။

ကန်ပက်လက်မြို့တွင်း စစ်ကောင်စီ အထိုင်စခန်းအား ဇူလိုင် (၁၃) ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက်နဲ့ညောင်းဦးခရိုင်တပ်ရင်း(၂) ပူးပေါင်းတပ်ဖွဲ့တို့မှ နှစ်ကြိမ်တိုင်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်။

Zalen ad

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်