စစ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ စုစုပေါင်း (၄၀၉၂) ဦးထိရှိလာ

စက်တင်ဘာ ၂၀၊၂၀၂၃

စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် ရက်ပေါင်း (၉၆၁)ရက်အတွင်း မြန်မာနိုင်ငံတဝှမ်းလုံးတွင် သတ်ဖြတ်ခံရသူ ပြည်သူ စုစုပေါင်း (၄၀၉၂) ဦးအထိ ရှိလာကြောင်း နိုင်ငံရေးအကျဥ်းသားစောင့်ရှောက်အသင်း (Assistance Association for Political prisoners – AAPP) က ယမန်နေ့ စက်တင်ဘာ ၁၉ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

ဖမ်းဆီးခံခဲ့ရသူဦးရေ စုစုပေါင်း (၂၄၈၀၇) ဦးရှိကာပြန်လည်လွတ်မြောက်လာသူ (၅၅၆၉) ဦး ရှိပြီး ထိန်းသိမ်းခံရသူ (၁၉၂၃၈) ဦးထိရှိကြောင်း AAPP ကဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက် ကြိုးတိုက်အကျဉ်းသား စုစုပေါင်း (၁၀၇) ဦးရှိပြီး တိုးတိတ်စွာ ပြစ်ဒဏ်ချခံရသူ (၁၁၉) ဦးရှိကာ ၎င်းတို့အနက် (၄၃) ဦးကို သေဒဏ်ချမှတ်ခြင်းခံခဲ့ရ၍ သေဒဏ်ကျခံရသူ စုစုပေါင်း (၁၅၀) ဦးထိရှိကြောင်းနှင့် လူပေါင်း (၅,၅၆၉) ဦး လွတ်မြောက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

Zalen ad

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်