တစ်နိုင်ငံလုံး သင်တန်းကျောင်းအကောင်းဆုံးဆုကို Luan Dim LCCI ကျောင်းက ဒုတိယအကြိမ်ထပ်မံရရှိ

 


Luan Dim LCCI သင်တန်းကျောင်း ဦးဆောင်သူ ဆရာ Sing Pi နဲ့ ရန်ကုန်မြို့ Luan Dim LCCI ကျောင်းခွဲဦးဆောင်သူ မချွန်နီးတို့အားတွေ့ရစဉ်

တစ်နိုင်ငံလုံး သင်တန်းကျောင်းအကောင်းဆုံးဆုကို Luan Dim LCCI ကျောင်းက ဒုတိယအကြိမ်ထပ်မံရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အခြေစိုက် Luan Dim LCCI သင်တန်းကျောင်းက ၂၀၁၈ ခုနှစ်အတွက် မြန်မာတစ်နိုင်ငံလုံး LCCI သင်တန်းကျောင်းအကောင်းဆုံး ငွေတံဆိပ်ဆု ကိုဒုတိယအကြိမ်ထပ်မံရရှိထားပါတယ်။

ယင်းဆုချီးမြှင့်ပွဲကို ဇူလိုင် ၂၇ ရက်မနက်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင်ကျင်းပကြပါတယ်။

Luan Dim LCCI သင်တန်းကျောင်း ဦးဆောင်သူ ဆရာ Sing Pi

ဒီဆုကို UK အခြေစိုက် Pearson နဲ့ British Council တို့ကပေးအပ်ထားတာဖြစ်ပြီး ယင်းငွေတံဆိပ်ဆုကို မြန်မာတစ်ပြည်လုံးမှာ LCCI သင်တန်းကျောင်း ၁၆၀ ကျော်ရှိတဲ့အနက် ၁၆ ကျောင်းကရရှိကြပါတယ်။

Luan Dim LCCI သင်တန်းကျောင်း ဦးဆောင်သူ ဆရာစင်ပီး (Sing Pi)က “သင်တန်းသားဦးရေ၊ စာမေးပွဲအောင်ချက်၊ ပြီးတော့ သင်တန်းကျောင်းနဲ့ ရုံးတွေဆက်ဆံရေးတို့ အဖက်ဖက်က ကြည့်ပြီးရွေးချယ်ထားတယ်။ ဒီလိုမျိုးဆုရဖို့ ကျနော်တို့ဆုတောင်းထားတဲ့အရာဖြစ်တယ်။ အရင်နှစ်တွေတုန်းကသင်တန်းသားသင်တန်းသူတွေထဲကနေ တစ်ကမ္ဘာလုံးအကောင်းဆုံးဆု၊ ဒုတိယဆုတွေရတယ်။ အခု ဒီနှစ်မှာ အကောင်းဆုံး သင်တန်းကျောင်းဆုရတဲ့ခါမှာ သင်တန်းကျောင်းရဲ့ပုံရိပ်ပိုပြီးတော့တက်လာတယ်။ လူတွေရဲ့ယုံကြည်မှုပိုရှိစေတယ်။ ပြီးတော့ သူတို့ကကျနော်တို့ရဲ့ ကြိုးစားအားထုတ်မှုကိုအသိအမှတ်ပြုပေးတယ်။ ဒါကြောင့် ပိုပြီးတော့ ဝမ်းသာတယ်။ ကျနော်တို့ကျောင်းမှာလာတက်တဲ့သူတွေတွက် ပိုပြီးတော့ဂုဏ်ယူရတာပေါ့” လို့ပြောပါတယ်။

Luan Dim LCCI သင်တန်းကျောင်းဖွင့်လှစ်ခဲ့တာ ၁၀ နှစ် ကြာမြင့်ပြီဖြစ်ပြီး ချင်းပြည်နယ်မြောက်ပိုင်း၊ တမူး၊ ကလေးဝ၊ ဂန့်ဂေါမြို့နယ်ဘက်မှလူငယ်များ တက်ရောက်ကြပါတယ်။ လက်ရှိတွင် ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ရန်ကုန်မှာလည်း တန်းခွဲသစ်စတင်သင်ကြားနေပါတယ်။

၂၀၁၇ ခုနှစ်အတွက် အထက်မြန်မာပြည်မှာ အကောင်းဆုံးသင်တန်းကျောင်းဆုကိုလည်း ၂၀၁၈ ခုနှစ်မှာရရှိခဲ့ပါတယ်။

Luan Dim LCCI ရန်ကုန်သင်တန်းကျောင်းခွဲ ဦးဆောင်သူ မချွန်နီးဟာ ၂၀၁၆ ခုနှစ်မှာ LCCI Level (3) တွင် (World Gold Medal) ကမ္ဘာ့ပထမ ဆုရရှိတဲ့သူဖြစ်ပါတယ်။ ရန်ကုန်သင်တန်းကျောင်းခွဲလိပ်စာကတော့ အမှတ် ၂၀၇ (ပထမလွှာ)၊ ၃၈ လမ်း (အပေါ်) အနော်ရထာလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းကြား၊ ကျောက်တံတားမြို့နယ် ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်