တန်ပြန်တိုက်စစ်ဆင်နွဲပြီးနောက် နယ်မြေများစွာ ပြန်လည်သိမ်းပိုက်လာနိုင်တယ်လို့ ယူကရိန်းပြော

ယူကရိန်းအစိုးရ၏ တနင်္လာနေ့(စက်တင်ဘာ ၁၁) ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ အပတ်အတွင်းဆင်နွဲခဲ့သော တန်ပြန်တိုက်စစ်တွင် နိုင်ငံ၏ အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် နယ်မြေအများအပြားကို ရုရှားစစ်တပ်ထံကနေ ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းကာကွယ်ရေးဒုဝန်ကြီးဖြစ်တဲ့ ဟန်နာမာလီယာရဲ့ ရုပ်မြင်သံကြားကနေ ပြောဆိုချက်အရ ယူကရိန်းစစ်သားများဟာ အနည်းဆုံး ၂ စတုရန်းကီလိုမီတာကို ဘတ်မုတ်ခ်မြို့ အရှေ့ပိုင်းတွင်ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒီနေရာကို ပြီးခဲ့တဲ့ မေလတွင် ရုရှားစစ်တပ်က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူကရိန်းစစ်တပ်ဟ ပြီးခဲ့တဲ့အပတ်တွင် တာရီယာဒေသတွင်လည်း နယ်မြေ ၄ ဒသမ ၈ စတုရန်းကီလိုမီတာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဒုဝန်ကြီးဖြစ်တဲ့ ဟန်နာက ပြောပါတယ်။

လက်ရှိအချိန်အထိ ယူကရိန်းစစ်တပ်ဟာ ပြီးခဲ့တဲ့ဇွန်လတွင် စတင်ခဲ့သော တန်ပြန်တိုက်စစ်ကြောင့် နယ်မြေပေါင်း ၄၉ စတုရန်း ကီလိုမီတာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ တာဗီယာဒေသအတွင် နယ်မြေ ၂၅၆ စတုရန်းကီလိုမီတာကို ပြန်လည်သိမ်းပိုက်နိုင်ပြီလို့လည်း ဒုကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ယူကရိန်းကတော့ တန်ပြန်တိုက်စစ်စတင်ပြီးနောက် ကျေးရွာများစွာကို ဆက်တိုက် ပြန်လည် သိမ်းပိုက်လာနိုင်ခဲ့သော်လည်း ယူကရိန်းစစ်သားများဟာ ရုရှားစစ်သားများ၏ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုကလည်း မြင့်တက်လာနေပါတယ်။ သို့သော်လည်း ယူကရိန်းအစိုးရ၏ ပြန်လည်သိမ်းပိုက်ထားသော နယ်မြေများ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရုရှားကတော့ တစ်စုံတစ်ရာ တုံ့ပြန်ထားခြင်း မရှိပါဘူး။

Zalen ad

နောက်ဆုံးရသတင်းများ

တွန်းဇံမှာ စာသင်ကျောင်းတွေပြန်ဖွင့်ဖို့ တစ်ရွာကို ငွေကျပ်သိန်း ၃၀ စီ ကောက်ခံနေလို့ ဒေသခံတွေ စိုးရိမ်နေ

ဇွန် ၂၀၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း ဒေသတွင်း ပညာရေးဌာန တာဝန်ရှိသူတချို့က ကျောင်းတွေ ပြန်ဖွင့်ဖို့ဆိုပြီး ဒေသခံတွေဆီကနေ ငွေကြေးကောက်ခံတာတွေ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တွန်းဇံမြို့နယ် ပညာရေးမှူးက ...

ဆက်ဖတ်ရန်