တမူးခရိုင်က စစ်ရှောင်စခန်းအချို့မှာ ကလေးသူငယ်များယားနာဖြစ်ပွား

အောက်တိုဘာ ၂၀၊ ၂၀၂၅။

Zalen

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ စစ်ရှောင်စခန်းအချို့မှာ ကလေးငယ်များ ယားနာဖြစ်နေလို့ ဆေးဝါးကုသဖို့အခက်ခဲဖြစ်နေတယ်လို့ ဒေသခံများဆီက သိရပါတယ်။

ယခုရက်ပိုင်း တမူးခရိုင် အထက်ပိုင်း စစ်ရှောင်စခန်းအချို့နဲ့ အိန္ဒိယဘက်ခြမ်း စစ်ရှောင်စခန်းအချို့မှာ ကလေးသူငယ်များဟာ ယားနာအဖြစ်များနေလို့ ဆေးဝါးကုသဖို့ ငွေကြေးအခက်ခဲဖြစ်နေတာဖြစ်ပါတယ်။

Zalen ad

” လူကြီးလည်းဖြစ်တယ်။ အထူးသဖြင့် ကလေးငယ်တွေက ပိုအဖြစ်များတယ်။ ယားတာက သွေးထွက်အောင်ကုတ်ပေမယ့် အယားမပြေနိုင်ဘူးဖြစ်နေတာ။ ငယ်ရွယ်တဲ့ ကလေးတွေဆို သနားစရာကောင်းတယ်ရှင့်။ ယားလာရင် ငိုယိုကြတယ်။ ညဆိုအိပ်လို့လည်းမရကြဘူးရှင့်။ ဆေးက အိန္ဒိယဘက်မှာ ပိုက်ဆံရှိတဲ့သူတွေက မှာကြပါတယ်။ ဆေးဖိုးမတတ်နိုင်တဲ့သူတွေဆို ဒီတိုင်းပဲခံနေကြရတာ။ တကယ်ကို ဒုက္ခရောက်ကြတယ်ရှင့်” လို့ ကလေးမိခင်တစ်ဦးက Zalen ကိုပြောပါတယ်။

ဒါ့အပြင် အိန္ဒိယ ဘက်ခြမ်းက စစ်ရှောင်စခန်းအချို့မှာလည်း အလားသူရောဂါဝေဒနာကို ခံစားနေကြရပြီး ဆေးဝါးကုသဖို့ အခက်ခဲဖြစ်နေကြတာဖြစ်ပါတယ်။

” ယားနာက ဒီဘက်မှာလည်းအဖြစ်များတယ်။ ဆေးမှာရတာလည်းအရမ်းကြာတယ်ရှင့်။ ပိုက်ဆံရှိတဲ့သူတွေက ကဒ်လိုက်မှာရင်သယ်ပေးပါတယ်။ ပိုက်ဆံမတတ်နိုင်တဲ့သူက တစ်ဗူးစ၊ နှစ်ဗူးစ မှာရင် သိပ်ဂရုမစိုက်ပေးကြဘူး။ ဆေးရုံဆေးခန်းက မရှိသလောက်ပါဘဲ။ ရမ်းကုတွေနဲ့ မှန်းကုနေကြရတာပါ။ ကျွမ်းကျင် ဆရာဝန် ဆိုတာမရှိဘူး” လို့ အိန္ဒိယဘက်ခြမ်းက စစ်ရှောင်အမျိုးသမီးတစ်ဦးကလည်း အခုလိုပြောပြပါတယ်။

အဲဒီစစ်ရှောင်စခန်းတွေဟာ ဒေသအခြေအနေကြောင့် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲနေပြီး ဆေးဝါးကုသဖို့ ခက်ခဲနေသလို ဆေးဝါးရောက်ရှိရန်အလွန်ခက်ခဲနေတဲ့တွက် စစ်ရှောင်များရဲ့ကျန်းမာရေးအတွက် အခက်ခဲဖြစ်နေတယ်လို့သိရပါတယ်။

သတင်း – အမေ့သား

ပုံစာ – စစ်ရှောင်စခန်းက ယားနာဖြစ်နေတဲ့ ကလေးငယ်များအားတွေ့ရစဉ်။

ဓာတ်ပုံ – Boinu Nengkho

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်