တမူးမြို့နယ်က ရဲဘက်စခန်းကိုဝင်တိုက်ရာ ထောင်မှူးလင်မယားအပါအဝင် ၄ယောက်မကသေဆုံးပြီး PDF ၂ ယောက်ကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ အုတ်ဖိုကန်ဘောင် အကျဉ်းရဲဘက်စခန်းကို ဒီနေ့ ဇန်နဝါရီလ ၁၀ ရက် မနက် ၅ နာရီတွင် PDF-Tamu တပ်ရင်း-၁ တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ရာ ထောင်မှူး ဦးအောင်ကျော်ဆန်း၊ ထောင်မှူးဇနီး အပါအဝင် ၄ ယောက်မက ့သေဆုံးသွားတယ်လို့ PDF-Tamu တပ်ရင်း-၁ထံကသတင်းရရှိထားပါတယ်။

PDF-Tamu တပ်ရင်း-၁ ဘက်က ရဲဘော် ၂ ယောက်ကျဆုံးပြီး ၄ ယောက်ဒဏ်ရာရရှိကာ သေနတ် ၃ လက်ကျန်ရစ်ခဲ့တယ်လို့သိရတယ်။

PDF-Tamu တပ်ရင်း-၁ က တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက “ပထမဆုံး ထောင်မှူးအိမ်ကို ဝင်စီးပြီး ထောင်မှူးကို သေနတ်ထောက်ပြီးမှ လက်အောက်ငယ်သားကို လက်နက်ချဖို့စည်းရုံးတယ်။ လက်နက်ချပေးပါ။ ခင်ဗျားတို့ကိုဘာမှမလုပ်ဘူး။ ကျနော်တို့လိုချင်တာရရင် ပြန်ထွက်သွားမယ်လို့ပြောတဲ့ချိန်မှာ ရဲဘော်တွေကတော့ လက်နက်ချဖို့ထွက်လာကြတယ်။ အဲ့ချိန်မှာ ထောင်မှူးက မင်းတို့ မသေမချင်းလက်နက်မချရဘူးဆိုပြီးထအော်တဲ့ချိန်မှာ ထောင်မှူးကိုလည်းပစ်သတ်တော့ တခါထဲ တိုက်ပွဲဖြစ်တယ်။ အဲ့ချိန်မှာ ထောင်မှူးကတော်က ပစ္စတိုနဲ့လှမ်းပစ်တဲ့ချိန်မှာ သူ့ကိုပါပစ်လိုက်ရတာပေါ့။ အဲ့လိုနဲ့တိုက်ပွဲစဖြစ်တော့တာ။ ကျေးရွာသားပြောတာကတော့ ပထမဆုံး မနက် ၆ နာရီမှာနာရေးကားရောက်လာတယ်။ ပြီးတော့ နာရေးကား ၂ စီးထပ်ရောက်လာတယ်။ ဒါကြောင့် ၄ ယောက်ထက်မက သေဆုံးမှုရှိနိုင်တယ်လို့ ခန့်မှန်းရတယ်။ ကျနော်တို့ဘက်ကတော့ ၁ ယောက်အလောင်းမကောက်လိုက်ရဘူး။ တစ်ယောက်က သယ်ရင်းနဲ့လမ်းတဝက်မှာကျဆုံးသွားတယ်။ ၄ ယောက်ဒဏ်ရာရတယ်ပေါ့နော်” လို့ပြောပါတယ်။

Zawgyi

Zalen ad

တမူးၿမိဳ႕နယ္က ရဲဘက္စခန္းကိုဝင္တိုက္ရာ ေထာင္မွဴးလင္မယားအပါအဝင္ ၄ေယာက္မကေသဆံုးၿပီး PDF ၂ ေယာက္က်ဆံုး

စစ္ကိုင္းတိုင္းေဒသႀကီး၊ တမူးၿမိဳ႕နယ္၊ အုတ္ဖိုကန္ေဘာင္ အက်ဥ္းရဲဘက္စခန္းကို ဒီေန႔ ဇန္နဝါရီလ ၁၀ ရက္ မနက္ ၅ နာရီတြင္ PDF-Tamu တပ္ရင္း-၁ တပ္ဖြဲ႔ကဝင္ေရာက္တုိက္ခိုက္ရာ ေထာင္မွဴး ဦးေအာင္ေက်ာ္ဆန္း၊ ေထာင္မွဴးဇနီး အပါအဝင္ ၄ ေယာက္မက ႔ေသဆံုးသြားတယ္လုိ႔ PDF-Tamu တပ္ရင္း-၁ထံကသတင္းရရွိထားပါတယ္။

PDF-Tamu တပ္ရင္း-၁ ဘက္က ရဲေဘာ္ ၂ ေယာက္က်ဆံုးၿပီး ၄ ေယာက္ဒဏ္ရာရရွိကာ ေသနတ္ ၃ လက္က်န္ရစ္ခဲ့တယ္လုိ႔သိရတယ္။

PDF-Tamu တပ္ရင္း-၁ က တာဝန္ရွိပုဂၢိဳလ္တစ္ဦးက “ပထမဆံုး ေထာင္မွဴးအိမ္ကို ဝင္စီးၿပီး ေထာင္မွဴးကို ေသနတ္ေထာက္ၿပီးမွ လက္ေအာက္ငယ္သားကို လက္နက္ခ်ဖို႔စည္းရံုးတယ္။ လက္နက္ခ်ေပးပါ။ ခင္ဗ်ားတို႔ကိုဘာမွမလုပ္ဘူး။ က်ေနာ္တို႔လိုခ်င္တာရရင္ ျပန္ထြက္သြားမယ္လို႔ေျပာတဲ့ခ်ိန္မွာ ရဲေဘာ္ေတြကေတာ့ လက္နက္ခ်ဖို႔ထြက္လာၾကတယ္။ အဲ့ခ်ိန္မွာ ေထာင္မွဴးက မင္းတို႔ မေသမခ်င္းလက္နက္မခ်ရဘူးဆိုၿပီးထေအာ္တဲ့ခ်ိန္မွာ ေထာင္မွဴးကိုလည္းပစ္သတ္ေတာ့ တခါထဲ တုိက္ပြဲျဖစ္တယ္။ အဲ့ခ်ိန္မွာ ေထာင္မွဴးကေတာ္က ပစၥတိုနဲ႔လွမ္းပစ္တဲ့ခ်ိန္မွာ သူ႔ကိုပါပစ္လုိက္ရတာေပါ့။ အဲ့လိုနဲ႔တုိက္ပြဲစျဖစ္ေတာ့တာ။ ေက်းရြာသားေျပာတာကေတာ့ ပထမဆံုး မနက္ ၆ နာရီမွာနာေရးကားေရာက္လာတယ္။ ၿပီးေတာ့ နာေရးကား ၂ စီးထပ္ေရာက္လာတယ္။ ဒါေၾကာင့္ ၄ ေယာက္ထက္မက ေသဆံုးမႈရွိႏိုင္တယ္လုိ႔ ခန္႔မွန္းရတယ္။ က်ေနာ္တို႔ဘက္ကေတာ့ ၁ ေယာက္အေလာင္းမေကာက္လိုက္ရဘူး။ တစ္ေယာက္က သယ္ရင္းနဲ႔လမ္းတဝက္မွာက်ဆံုးသြားတယ္။ ၄ ေယာက္ဒဏ္ရာရတယ္ေပါ့ေနာ္” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

KDDI နှင့် Sumitomo တို့ MPT နဲ့ ပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်ရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

ဇွန် ၂၊ ၂၀၂၆ Zalen ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီကြီးများဖြစ်သည့် KDDI Corporation နှင့် Sumitomo Corporation တို့အနေဖြင့် မြန်မာစစ်အုပ်စု ထိန်းချုပ်ထားသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို အဆုံးသတ်ပြီး မြန်မာနိုင်ငံမှ ...

ဆက်ဖတ်ရန်