တရုတ်နိုင်ငံက ဆေးရုံများ ကိုဗစ်-၁၉ လူနားများနဲ့ ပြည့်နှက်နေ

အရေးပေါ်ကုသရေးဌာနတွင် ဆယ်စုနှစ် ၃ ခုကြာ အလုပ်လုပ်လာခဲ့သော ပေကျင်းမြို့အခြေစိုက် ဆရာဝန်တစ်ဦးဖြစ်တဲ့ ဟောဝပ်ဘန်းစတိုင်းရဲ့ ပြောကြားချက်အရ သူဟာ ဒီလိုအဖြစ်မျိုးကို တစ်ခါမှ မကြုံခဲ့ဖူးကြောင်း ပြောပါတယ်။

လူနာများဟာ ဆေးရုံကို အဆက်မပြတ်ရောက်လာနေကြပြီး အသက်ကြီးပိုင်းအများစုနှင့် လူနာအများစုဟာ ကိုဗစ်-၁၉ လက္ခဏာများကြောင့် နေမကောင်းတာဖြစ်ကြောင်း သူပြောပါတယ်။

ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များနဲ့ပတ်သက်ပြီး ဒီလအတွင်းမှာပဲ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် အစိုးရဟာ ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ပြန်လည်ဖြေလျော့ပေးပြီးနောက် တရုတ်နိုင်ငံတစ်ဝှမ်း ဆေးရုံအလုပ်သမားများကလည်း ဆေးရုံများတွင် လူနာများပြည့်နှက်နေကြောင်း ပြောလာပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်ခန့်က ဝူဟန်တွင် ဗိုင်းရပ်စ်စတင် ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း ယခုဖြစ်ပွားနေသော ကူးစက်မှုဟာ အကြီးဆုံးဖြစ်ပါတယ်။ ပေကျင်းမြို့မှာတော့ အစိုးရဆေးရုံများနှင့် မီးသင်္ဂြိုဟ်ရာနေရာများဟာ ဒီလအတွင်းမှာပဲ အလုပ်များနေကြပါတယ်။

တရုတ်နိုင်ငံ တစ်နေရာမှာတော့ ဆေးရုံတွင် ဝန်ထမ်းများအကြား ဖျားနာမှုမြင့်တက်လာမှုကြောင့် လူသားအရင်းအမြစ် လိုအပ်မှုကလည်း အလွန်မြင့်တက်နေသောကြောင့် မဖြည့်ဆည်းနိုင်တော့သည့် အခြေအနေကို ရောက်နေပြီဖြစ်ကြောင်း ဆိုပါတယ်။ တစ်ချို့သော ကျန်းမာရေးဝန်ထမ်းများဟာ ကိုဗစ်-၁၉ ကူးစက်ခံရသော်လည်း အလုပ်ဆင်းနေရကြောင်း ဆိုပါတယ်။

ဆရာဝန်များ၏ ပြောကြားချက်အရ သူတို့ဟာ အသက်ကြီးပိုင်းများဟာ ကိုဗစ်-၁၉ ခံရပါက သေဆုံးနိုင်ခြေများသောကြောင့် ထောင်ပေါင်းများစွာသော အသက်ကြီးပိုင်းများအတွက် ပိုမိုစိုးရိမ်နေရကြောင်း ဆိုပါတယ်။

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် တစ်နေ့ကို လူပေါင်း ၅၀၀၀ ခန့် သေဆုံးနေကြောင်း Airfinity က ခန့်မှန်းထားပါတယ်။ သို့သော်လည်း ဒီခန့်မှန်းချက်ဟာ တရုတ်အစိုးရ၏ ထုတ်ပြန်ချက်နဲ့ အလွန်ကွာဟနေပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်