တီးတိန်မြို့နယ်၊ သိုင်ငင်းကျေးရွာက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF Zoland,CDF CDM Siyin ဝင်တိုက်

၃၊ နိုဝင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်ငင်းကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးရေးဂိတ် စခန်းကို စီးယင်း ဒေသကာကွယ်ရေး PDF Zoland, CDF CDM Siyin အဖွဲ့က နိုဝင်ဘာ ၃ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ မနက်အစောကြီး အသံတွေကြားရတယ်။ စစ်ဆေးရေးဂိတ်မှာ တိုက်ပွဲဖြစ်တာပါ။ အထိအခိုက်အကျအဆုံးကတော့ မသိရသေးဘူး” လို့ သိုင်းငင်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

Zalen ad

သိုင်းငင်းစစ်ဆေးရေးဂိတ်ဟာ ခရီးသွားလာတဲ့ပြည်သူတွေကို မှတ်ပုံတင်စစ်ဆေးတာ၊ ပစ္စည်းတွေ စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး ကုန်တင်ကားတွေကို ငွေကြေး အဆမတန်ကောက်ခံတာမျိုးတွေ ရှိနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ၂ရက်နေ့ ညပိုင်းမှာလည်း ကလေးမြို့၊ စက်မှုဇုန်အနီးမှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပြီး ပစ်ခတ်သံတွေကို ကြားနေရတာ ငါးရက်ဆက်တိုက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်