ထိုင်းနိုင်ငံတွင် ယာဉ်တိမ်းမှောက်၍ ချင်းအမျိုးသား ၃ ဦးသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုကလာပြည်နယ်၊ HAT YAI ခရိုင်၊ နာရာထိဝမ်အနီးတွင် မလေးရှားနိုင်ငံသို့သွားမယ့် ယာဉ်တစ်စီး မေလ ပထမပတ်တွင် တိမ်းမှောက်၍ ချင်းအမျိုးသား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိတယ်လို့ Chin Community Bangkok ကဖော်ပြထားပါတယ်။

ယင်းကားပေါ်တွင် မြန်မာနိုင်ငံသား ၁၅ ဦးစီးနင်းလာပြီး ၁၃ ဦးမှာ ချင်းအမျိုးသားတွေ ဖြစ်ကြပါတယ်။

 သေဆုံးသူများဟာ ချင်းတိုင်းရင်းသား မရာအမျိုးသား Pa Se၊ ငပိုင်ပြည် Singaomi, ပလက်ဝမြို့နယ်မှ သူရိန်ထွန်းတို့ဖြစ်ပါတယ်။

ဒဏ်ရာရသူစုစုပေါင်း(၅)ဦးရှိပြီး ၎င်းတို့ကို နာရာထိဝမ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိပြီး ဒဏ်ရာမရတဲ့ ကျန်(၇)ဦးကို အချုပ်ထဲတွင် ချုပ်ထားလျှက်ရှိကြောင်းသိရတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်