ပလက်ဝ နဲ့ ဆမီးမြို့ ရဲစခန်းကို အေအေလက်နက်ကိုင်အဖွဲ့က ဝင်တိုက်မယ်ဆိုတဲ့သတင်းများထွက်ပေါ်

၂၀၁၉၊ နိုဝင်ဘာလ(၄)
ချင်းပြည်နယ် ပလက်ဝမြို့ နဲ့ ဆမီးမြို့ ရဲစခန်းတွေကို အေအေလက်နက်ကိုင်အဖွဲ့က နိုဝင်ဘာ (၄၊၅၊၆)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့စာကပ်ထားတယ် သတင်းများထွက်ပေါ်နေပါတယ်။

ပလက်ဝမြို့ဒေသခံတစ်ဦးက “ဒီသတင်းကို ရဲဝန်ထမ်းမိသားစုတွေဆီက နိုဝင်ဘာ (၂)ရက်နေ့ကကြားတာပါ။ AA ကပလက်ဝရဲစခန်းမှာစာလာကပ်တယ်ကြားတယ်။ ရဲစခန်းအနီး ဆိုင်ကလူတွေလည်း သတိနဲ့နေဖို့ စာထဲမှာရေးထားပါတယ်လို့ပြောတယ်။ ခုတလော ပလက်ဝအခြေအနေက ပြည်သူတွေထိတ်လန့်နေကြတယ်။ ပြောရရင် ဒီမှာနေရတာတောင် သတိနဲ့နေနေကြရသလိုပဲ။ အထူးသဖြင့် ဗမာတွေတွက်က ပိုဆိုးတာပေါ့” လို့ပြောပါတယ်။

ပလက်ဝမြို့ပေါ်တွင် ချင်း၊ ရခိုင် နဲ့ ဗမာလူမျိုးများ ရောနှောနေထိုင်ကြပါတယ်။ ယင်းသတင်းနဲ့ပတ်သက်ပြီး ပလက်ဝမြို့နယ် ရမှူးထံ Zalen မီဒီယာကဖုန်းဆက်မေးမြန်းပေမယ့် ပြည်နယ်ရဲတပ်ဖွဲ့ထံသို့မေးမြန်းရန်ပြောကြားခဲ့ပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့ရုံးသို့ဆက်လက်မေးမြန်းရာ လူကိုယ်တိုင် ရုံးသို့လာရောက်မေးမြန်းဖို့ ပြန်လည်ဖြေကြားလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “မြေပြင်မှာ အဲ့လိုကောလဟာလတော့ထွက်နေတာပဲ။ ပလက်ဝစခန်းရယ်၊ ဆမီးရဲစခန်း ၂ခုတိုက်မယ်ခိုက်မယ်ဆိုပြီးတော့ ကျနော်တို့လည်းသိတယ်။ စာကပ်ထားတာတော့မတွေ့ဘူး။ မြေပြင်မှာလူတွေ အဲ့လိုကောလဟာလပြောနေတာပဲကြားတယ်။ ကျနော်တို့ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ တပ်တို့ကနေရတဲ့သတင်းအချက်အလက်တွေကို ပြည်ထောင်စုအစိုးရဆီ တင်ပြတာထားတယ်။ လုပ်သင့်လုပ်ထိုက်တာတော့ ဌာနဆိုင်ရာတွေကလုပ်သွားမယ်” လို့ပြောပါတယ်။

ပလက်ဝမြို့နယ် ရဲစခန်းဟာ မြို့တွင်းမှာတည်ရှိပြီး ရဲစခန်းရှေ့တွင် စည်ပင်သာယာဈေး၊ အနောက်ဘက်တွင် ပြည်သူ့ဆေးရုံ တွေရှိပါတယ်။ နိုဝင်ဘာလ (၃)ရက်ညတွင်လည်း ပလက်ဝမြို့အခြေစိုက် (၂၈၉)တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေလှုပ်ရှားတဲ့နေရာတွေဆီ လှမ်းထုနေတယ်လို့ ဒေသခံတွေဆီကနေသတင်းရရှိထားပါတယ်။

(Zawgyi)

ပလက္ဝ နဲ႔ ဆမီးၿမိဳ႕ ရဲစခန္းကို ေအေအလက္နက္ကိုင္အဖြဲ႕က ဝင္တိုက္မယ္ဆိုတဲ့သတင္းမ်ားထြက္ေပၚ

၂၀၁၉၊ ႏိုဝင္ဘာလ(၄)
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ နဲ႔ ဆမီးၿမိဳ႕ ရဲစခန္းေတြကို ေအေအလက္နက္ကိုင္အဖြဲ႕က ႏိုဝင္ဘာ (၄၊၅၊၆)ရက္ေန႔တြင္ ဝင္ေရာက္တိုက္ခိုက္မယ္ဆိုတဲ့စာကပ္ထားတယ္ သတင္းမ်ားထြက္ေပၚေနပါတယ္။

ပလက္ဝၿမိဳ႕ေဒသခံတစ္ဦးက “ဒီသတင္းကို ရဲဝန္ထမ္းမိသားစုေတြဆီက ႏိုဝင္ဘာ (၂)ရက္ေန႔ကၾကားတာပါ။ AA ကပလက္ဝရဲစခန္းမွာစာလာကပ္တယ္ၾကားတယ္။ ရဲစခန္းအနီး ဆိုင္ကလူေတြလည္း သတိနဲ႔ေနဖို႔ စာထဲမွာေရးထားပါတယ္လို႔ေျပာတယ္။ ခုတေလာ ပလက္ဝအေျခအေနက ျပည္သူေတြထိတ္လန႔္ေနၾကတယ္။ ေျပာရရင္ ဒီမွာေနရတာေတာင္ သတိနဲ႔ေနေနၾကရသလိုပဲ။ အထူးသျဖင့္ ဗမာေတြတြက္က ပိုဆိုးတာေပါ့” လို႔ေျပာပါတယ္။

ပလက္ဝၿမိဳ႕ေပၚတြင္ ခ်င္း၊ ရခိုင္ နဲ႔ ဗမာလူမ်ိဳးမ်ား ေရာေႏွာေနထိုင္ၾကပါတယ္။ ယင္းသတင္းနဲ႔ပတ္သက္ၿပီး ပလက္ဝၿမိဳ႕နယ္ ရမႉးထံ Zalen မီဒီယာကဖုန္းဆက္ေမးျမန္းေပမယ့္ ျပည္နယ္ရဲတပ္ဖြဲ႕ထံသို႔ေမးျမန္းရန္ေျပာၾကားခဲ့ပါတယ္။ ျပည္နယ္ရဲတပ္ဖြဲ႕႐ုံးသို႔ဆက္လက္ေမးျမန္းရာ လူကိုယ္တိုင္ ႐ုံးသို႔လာေရာက္ေမးျမန္းဖို႔ ျပန္လည္ေျဖၾကားလိုက္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ခ်င္းျပည္နယ္ စည္ပင္ဝန္ႀကီး ဦးစိုးထက္က “ေျမျပင္မွာ အဲ့လိုေကာလဟာလေတာ့ထြက္ေနတာပဲ။ ပလက္ဝစခန္းရယ္၊ ဆမီးရဲစခန္း ၂ခုတိုက္မယ္ခိုက္မယ္ဆိုၿပီးေတာ့ က်ေနာ္တို႔လည္းသိတယ္။ စာကပ္ထားတာေတာ့မေတြ႕ဘူး။ ေျမျပင္မွာလူေတြ အဲ့လိုေကာလဟာလေျပာေနတာပဲၾကားတယ္။ က်ေနာ္တို႔ကေတာ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔ တပ္တို႔ကေနရတဲ့သတင္းအခ်က္အလက္ေတြကို ျပည္ေထာင္စုအစိုးရဆီ တင္ျပတာထားတယ္။ လုပ္သင့္လုပ္ထိုက္တာေတာ့ ဌာနဆိုင္ရာေတြကလုပ္သြားမယ္” လို႔ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္ ရဲစခန္းဟာ ၿမိဳ႕တြင္းမွာတည္ရွိၿပီး ရဲစခန္းေရွ႕တြင္ စည္ပင္သာယာေဈး၊ အေနာက္ဘက္တြင္ ျပည္သူ႔ေဆးရံု ေတြရွိပါတယ္။ ႏိုဝင္ဘာလ (၃)ရက္ညတြင္လည္း ပလက္ဝၿမိဳ႕အေျခစိုက္ (၂၈၉)တပ္ရင္းကေန လက္နက္ႀကီးေတြနဲ႔ လက္နက္ကိုင္တပ္ဖြဲ႕ေတြလႈပ္ရွားတဲ့ေနရာေတြဆီ လွမ္းထုေနတယ္လို႔ ေဒသခံေတြဆီကေနသတင္းရရွိထားပါတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်