ဘာကြောင့် အိန္ဒိယ နာဂလူမျိုးများတိုးတက်တာလဲ?

Ro Sang
နာဂလူမျိုးတွေဆိုတာ အိန္ဒိယနိုင်ငံမှာ ၂ သန်းလောက်နေထိုင်ပြီး၊ မြန်မာနိုင်ငံမှာ ၁၂၈,၉၀၀ ပတ်ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ အိန္ဒိယမှာ Nagaland ပြည်နယ်တစ်ခုအနေနဲ့ တည်ရှိနေပြီး၊ Manipur State, Arunachal State တွေမှာလည်းနေထိုင်ကြတယ်။

အိန္ဒိယနိုင်ငံရေးအခင်းအကျင်းမှာ နာဂတွေဟာ တော်တော်အဆင့်မြင့်တဲ့ ဖက်ဒရယ်ကိုရရှိတော့မှာဖြစ်ပါတယ်။ အဲဒီအချက်က အရှေ့တောင်အာရှရဲ့ တိုင်းရင်းသားလှုပ်ရှားမှုတွေကို အကျိုးသက်ရောက်စေမှာဖြစ်ပါတယ်။ အိန္ဒိယနာဂတွေဘာကြောင့် လူမျိုးရေး၊နိုင်ငံရေး၊ ဘာသာရေး၊ တော်လှန်ရေးမှာ အောင်မြင်ရသလဲဆိုတာကို သုံးသပ်ကြည့်ပါမယ်။ အကြောင်းရင်းကတော့ စည်းလုံးလို့ဖြစ်ပါတယ်။ ဒါဆိုဘယ်လိုစည်းလုံးကြတာလည်း။

(၁) အမည်နာမတစ်မျိုးသုံးစွဲခြင်း
Naga Naming- one nomencluture

နာဂမျိုးကွဲပေါင်း ၆၀ ကျော်ရှိတယ်။ ဘာသာ စကားပြောမပေါက်ဘူး။ ဒါပေမဲ့ သမိုင်းစတင်ကတည်းက သမိုင်းပညာရှင်တွေက Naga အမည်နဲ့ တောက်လျောက်သုံးလာတယ်။ National Naga အမည်နဲ့ Tribal Naga အမည်တွေ မရှုပ်ကြဘူး။ ရှိသမျှကို Naga ပေါင်းလိုက်တယ်။ A Naga, B Naga, C Naga , etc…… တခြားသူတွေလည်း Naga လွယ်လွယ်ဖြစ်သွားတယ်။

(၂) ဘုံဆက်သွယ်ရေးစကားတစ်ခုသုံးစွဲခြင်း
Nagamese – one communicative language

နာဂတွေကြားမှာ အချင်းချင်းဘာသာစကားနားမလည်နိုင်ကြပေမဲ့ Assamese ကို အခြေခံတဲ့ Nagamese စကားတစ်ခု ဖြစ်ထွန်းလာပြီး ဆက်သွယ်ကြတယ်။ တစ်ဦးကိုတစ်ဦး လွှမ်းမိုးဖို့ မလိုတော့ သံသယမရှိကြဘူး။ လွတ်လပ်စွာ ပေါင်းသင်းပြီး Tribal Problem နည်းတယ်။ Naga တွေ အကြားမှာစာပေအမျိုးမျိုးရှိတယ်။ Nagamese က စာပေအဖြစ်တိုးတက်ဖြစ်ထွန်းမှုအားနည်းပေမဲ့ ကြားခံဘာသာစကားတစ်ခုဖြစ်လာတော့ ပြဿနာနည်းတယ်။

(၃) ဘုံအမျိုးသားရည်ရွယ်ချက်ရှိခြင်
Nagalim – one vision

နာဂတော်လှန်ရေးခေါင်းဆောင်ဖြစ်တဲ့ Phizo တို့ Khaplang တို့ လက်ထက်ကတည်းက Nagalism လို့ခေါ်တဲ့ ပန်းတိုင်တစ်ခု ချမှတ်နိုင်ခဲ့တယ်။ Greater Nagaland နိင်ငံထူထောင်မယ့် အိမ်မက်တစ်ခုပေါ့။ ဒီ Nagalism က လူထုကြားထဲ စိမ့်ဝင်သွားတော့ တစိတ်တဝမ်းဖြစ်လာတယ်။ Global Naga ကိုခြုံ ပြီးမြင်တတ်လာတယ်လေ။

(၄) ဘာသာရေးတွင်ဂိုဏ်းဂဏတစ်ခုအားကြီးခြင်း
Nagaland Baptist Church Council-One Denomination

Nagaland မှာ နှစ်ခြင်းအသင်းတော် တစ်စု တည်းစည်းစည်းလုံးလုံးရပ်တည်တော့ လူထုအတွက် အရမ်းကောင်းမွန်တယ်။ Ngaland တစ်ခုတည်းမှာ ခရစ်ယာန် ၁၇,၉၀,၃၅၀ မှာ နှစ်ခြင်းအသင်းတော်က ၇၅ ရာခိုင်နှုန်းရှိပြီး ကမ္ဘာပေါ်မှာအကြီးဆုံး နှစ်ခြင်းပြည်နယ်တစ်ခုဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း Naga Baptist Convention ရှိတယ်။ အဲဒီအရာက နာဂတွေရဲ့ ဘာသာလူမှုနိုင်ငံရေး Religio-Socio-Politic အပေါ် အကျိုးသက်ရောက်မှုရှိလာပါတယ်။

(၅)ရိုးရာပွဲတော်များအရေးကြီးမှု
Naga Festival-Inter-tribal Relationship

နာဂလူမျိုးများတွင် Hornbill Festival & Lui Ngai Ni Festival စသော မျိုးနွယ်စု အားလုံးပါသော ပွဲတော်များကျင်းပကာ ကွဲပြားသော မျိုးနွယ်စုများအားလုံးပါဝင်ကကြပါသည်။ ထိုမှ Mutual understanding ဖြစ်စေပြီးစည်းလုံးမှုကို ပေါက်ဖွားစေပါသည်။ ရိုးရာပွဲတွေမှာလည်း Tribes တွေကို ဖော်ထုတ်ပေးတော့ Mutual Understanding မြင့်လာတယ်ဆိုနိုင်ပါတယ်။

(၆) လူများစုရှိသည့်ဖက်မှဦးဆောင်ခြင်း
Naga Majority in One Country

အိန္ဒိယဖက်မှာ နေတဲ့ နာဂတွေက ၂ သန်းလောက်ရှိတော့ လှုပ်ရှားမှု လုပ်ရတာ အဆင်ပြေတယ်။
တခြားအချက်တွေလည်းရှိအုံးမယ်။ ဆွေးနွေးကာ အတုယူစရာရှိသည်များကို ယူရပါမည်။

(၇) နာဂတော်လှန်ရေးများမှတောင်းဆိုသောနိုင်ငံရေးအခွင့်အရေးများ

(၁)သီးခြားနာဂပြည်အခြေခံဥပဒေရေးဆွဲခွင့်
(၂) သီးခြားနာဂအလံလွင့်ထူခွင့်
(၃) သီးခြားနာဂနိုင်ငံကူးလက်မှတ် ထုတ်ဝေကိုင်ဆောင်နိုင်ခွင့်
(၄) သီးခြားနာဂရေးရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်ထားရှိခွင့်
(၅) ပူးတွဲနိုင်ငံခြားရေးဌာန ထားရှိခွင့်
(၆) ပူးတွဲစစ်တပ်ထားရှိခွင့် (အိန္ဒိယစစ်တပ်လက်အောက်ခံမဟုတ်သော)
(၇) သီးခြား နာဂငွေကြေးထုတ်ဝေကိုင်ဆောင်ခွင့်
(၈) နာဂလူမျိုးများအားလုံးလွှမ်းခြုံသော နာဂအစိုးဖွဲ့စည်းခွင့်များဖြစ်ပါသည်

(Zawgyi)

Ro Sang






(၃) ဘုံအမျိုးသားရည်ရွယ်ချက်ရှိခြင်း
Nagalim – one vision










နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်