ယာယီရပ်ဆိုင်းထားတဲ့ မင်းတပ် NLD ရုံးကို မူလတည်ဆောက်တဲ့စမ်းထွက်ဧရိယာတွင် ပြန်လည်တည်ဆောက်

ယာယီရပ်ဆိုင်းထားတဲ့ မင်းတပ် NLD ရုံးကို မူလတည်ဆောက်တဲ့စမ်းထွက်ဧရိယာတွင် ပြန်လည်တည်ဆောက်

ပါတီရုံးတည်ဆောက်တဲ့နေရာအောက်ကနေ စမ်းရေသောက်သုံးဖို့ ရေသွယ်ထားတာတွေ့ရစဉ်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးတည်ဆောက်ခြင်းကို ယာယီရပ်ဆိုင်းပြီးတစ်လအကြာတွင် မူလတည်ဆောက်တဲ့စမ်းထွက်ဧရိယာမှာပဲ မြို့နယ်စည်ပင်ခွင့်ပြုချက်နဲ့ ပြန်လည်တည်ဆောက်နေတယ်လို့သတင်းရရှိပါတယ်။

မင်းတပ်မြို့နယ် စည်ပင်သာယာရေးကော်မတီက သြဂုတ်လ (၈)ရက်တွင် တည်ဆောက်ခွင့်ပြုသော်လည်း ယင်းအဆောက်အဦးတည်ဆောက်မယ့်နေရာရဲ့အောက်ဖက်တွင် မြေအောက်ရေထွက်ရှိလာသဖြင့်ဟုဆိုကာ သြဂုတ်လ (၉)ရက်တွင် မြို့နယ်စည်ပင်က ယာယီရပ်ဆိုင်းရန်ထုတ်ပြန်ခဲ့ပါတယ်။

မင်းတပ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အလုပ်အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းက “တည်ဆောက်ခွင့်ပြန်ပေးလိုက်တာက စက်တင်ဘာ (၄)ရက်နေ့ကပါ။ ကျနော်ကိုယ်တိုင် ဇူလိုင် (၃၀)နေ့ထိ ၃ ကြိမ်ကွင်းဆင်းတယ်။ အဲ့ချိန်မှာ ရေကလောက်လောက်ငှငှထွက်တာလည်းမရှိဘူး။ မိုးဆက်တိုက်ရွာမှ ရေခပ်များများထွက်လာတာ။ ပြီးတော့ အဆောက်အဦးဆောက်မယ့်နေရာမှာ ၅ ပေထိတူးတဲ့ချိန်မှာ ဖိနပ်အဟောင်းတွေတောင်တွေ့တယ်။ အရင်က ဒီနေရာဟာအမှိုက်ပုံတွေပါ။ ဒါထက် အဆောက်အဦးရှိလာရင် မြို့အင်္ဂါရပ်နဲ့ ပိုကိုက်ညီမလာပေါ့။ စမ်းထွက်တဲ့နေရာရဲ့ ပေ ၂၀ အကွာမှာအခုကန့်ကွက်တဲ့သူတွေထဲကတစ်ယောက်ရဲ့ အိမ်သာရှိတယ်။ ရုံးက ပေ ၆၀ အကွာမှာရှိတယ်။ ပြန်ခွင့်ပြုလိုက်တာက အပေါ်ကဖိအားကြောင့်လည်းမဟုတ်ဘူး။ ကိုယ့်ဆုံးဖြတ်ချက်မှားရင် ကျနော်မှားတာပဲ။ ပြဿနာဖြစ်လာရင် အစစ်ဆေးခံဖို့အသင့်ပဲ” လို့ပြောပါတယ်။

ပါတီရုံးတည်ဆောက်မယ့်နေရာက ယခင်က အစိုးရစီမံခန့်ခွဲပိုင်ခွင့်မြေဖြစ်ပြီး NLD ပါတီက ဝယ်ယူထားတာမဟုတ်ပဲ အစိုးရထံမြေလျှောက်ထားတာဖြစ်ပါတယ်။

မြို့နယ်စည်ပင်ကလည်း ယင်းနေရာကို ၂၀၁၇ ခုနှစ်ကစပြီး စိမ့်စမ်းရေထွက်ဧရိယာအဖြစ်သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားပါတယ်။

ပါတီရုံးတည်ဆောက်ဖို့ ကန့်ကွက်သူများတွင်ပါဝင်တဲ့ ဝန်ကြီးဟောင်း ဦးနန်နိုင်းက “ဒီကိစ္စကို မြို့နယ်ပါတီ EC မှာတင်ပြမှုလုးံဝမရှိဘူး။ ဦးတိတ်ထန်းအုပ်စုကလုပ်တာ။ ဌာနဆိုင်ရာတွေကဝိုင်းထောက်ခံပေးတယ်။ ရပ်ကွက်ကကန့်ကွက်တာဘေးဖယ်ထားကြတယ်။ ဆောက်ချင်တယ်ဆိုရင် မင်းတပ်မှာ အိမ်ရောင်းတဲ့သူအများကြီးပဲ။ အဲ့နေရာမှာ ဝယ်ဆောက်ကြပေါ့။ ရေစမ်းဦးဆိုတာ ဘုရားသခင်မှတစ်ပါး ဘယ်သူမှဖန်ဆင်းလို့မရဘူး။ မြေယာဆိုတာ များတယ်။ မင်းတပ်မှာ ရေလိုအပ်ချက်က နောင်မှာပိုပိုဖြစ်လာမယ်” လို့ပြောပါတယ်။

ပါတီရုံးကို ပေ ၂၀x၃၀ အုတ်ညှပ်တိုက် နှစ်ထပ်ကို သိန်း ၃၇၀ အကုန်အကျခံပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလအမီ အပြီးတည်ဆောက်ဖို့ရည်မှန်းထားပါတယ်။

မင်းတပ်မြို့နယ် NLD ပါတီ ဥက္ကဌ ဦးအောင်သန်းက “စမ်းထွက်ဧရိယာနဲ့ အဆောက်အဦးကလုံးဝမသက်ဆိုင်ဘူး။ စမ်းရေသောက်သုံးတာလည်းလုံးဝမရှိဘူး။ ရေသုံးနေပါတယ်လို့ အထောက်အထားရတာ ၃ အိမ်ပဲရှိတယ်။ ဆွေမျိုးတစ်စုကပဲကန့်ကွက်နေကြတာ။ တစ်မြို့လုံးက စည်ပင်ရေပဲသောက်နေတာ။ မနာလိုလို့ကန့်ကွက်ကြတာပါ။ အရင်က တခြားနေရာမှာရှာဖို့လုပ်တာ မြေယာမှမရှိတာ။ ပြီးတော့ အဲ့မှာရုံးဆောက်ဖို့ သိန်း ၇၀ ကုန်သွားပြီဖြစ်တာကြောင့် ဆက်ဆောက်ဖို့စဉ်းစားတာ” လို့ပြောပါတယ်။

ယင်းမြေကွက်ကို မြို့နယ်ပါတီဥက္ကဌ ဦးတိတ်ထန်းနာမည်နဲ့ဒီချုပ်ပါတီရုံးတည်ဆောက်ဖို့ မြေစာရင်းပုံစံ (၁၀၅/၁၀၆)ရေးဆွဲခွင့်ကို ထွေအုပ်ရုံးတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်ကလျှောက်ထားပြီး ရပ်ကွက်နေပြည်သူလူထုက ဇန်နဝါရီလ (၂၅)ရက်တွင် မြို့နယ် စီမံခန့်ခွဲမှုကော်မတီထံသို့ကန့်ကွက်စာတင်သွင်းကြပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်