ရိခေါ်ဒါရ်မြို့၌ တရားမဝင်ခိုးဝင်လာသည့် ဘင်္ဂါလီ လေးဦး ဖမ်းဆီးရမိ

ရိခေါ်ဒါရ်မြို့၌ တရားမဝင်ခိုးဝင်လာသည့် ဘင်္ဂါလီ လေးဦး ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် အိန္ဒိယဘက်မှ တရားမဝင်ခိုးဝင်လာတဲ့ ဘင်္ဂါလီ လေးဦးကို ဇူလိုင် ၁ ရက်တွင် ရိခေါ်ဒါရ်နယ်မြေရဲနဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိကြောင်းသတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှူး ရဲအုပ်အောင်ဆန်းလင်းနဲ့ ပူးပေါင်းစစ်ဆေးရေး အဖွဲ့တို့က အမှတ် ၁ ရပ်ကွက်မှ အမှတ် ၂ ရပ်ကွက်ဘက်သို့မောင်းနှင်လာတဲ့ ခဲရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ အိန္ဒိယဘက်မှ မြန်မာဘက်သို့တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ အမျိုးသား သုံးဦးနဲ့ အမျိုးသမီး တစ်ဦးဖမ်းဆီးရမိပါတယ်။

၎င်းတို့ဟာ ရခိုင်ပြည်နယ်မှတစ်ဆင့် အင်္ဂလားဒေ့ရှ်နိုင်ငံ ပါယူခါလီဒုက္ခသည်စခန်းမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ဝင်ရောက်ကာ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်လာခဲ့ကြပါတယ်။

ဒါကြောင့် ဘင်္ဂါလီ လေးဦးနဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ကို ရိခေါ်ဒါရ်နယ်မြေရဲစခန်း (ပ) ၉/၁၉၊ လဝကပုဒ်မ-၁၃(၁)/၁၃(၅)ဖြင့် အမှုဖွင့်လှစ်ထားပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်