လွိုင်ကော်မြို့ စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ် ၆၀ မမ ဗုံးနဲ့တိုက်ခိုက်ရာ ထိပ်ပိုင်းရာထူးကြီးတွေ အပါအဝင် ၂၀ ကျော် ဒဏ်ရာရ

စစ်ကောင်စီကျင်းပပြုလုပ်တဲ့ လွိုင်ကော်မြို့ သင်္ကြန်ရေကစားမဏ္ဍပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ထိပ်ပိုင်းရာထူးကြီးတွေအပါအဝင် ၂၄ ယောက် ထိခိုက်သွားရတယ်လို့ သိရပါတယ်။

ကရင်နီ(ကယား)ပြည်နယ်မြို့တော် လွိုင်ကော်မြို့ရှိ စစ်ကောင်စီပြုလုပ်တဲ့ ကယားပြည်နယ်အစိုးရရုံး သင်္ကြန်မဏ္ဍပ်ကို ဧပြီ ၁၅ ရက်၊ သင်္ကြန်အကြတ်နေ့မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ကနေ ဒရုန်းနည်းပညာနဲ့ ၆၀ မမ ဗုံးသီးတစ်လုံး ပစ်ချခဲ့တာလို့ ဆိုပါတယ်။

သင်္ကြန်မဏ္ဍပ်တည့်တည့်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကယားပြည်နယ် အစိုးရအဖွဲ့ ညွှန်မှူး ဦးကျော်ကျော်အုန်း၊ ကျေးလက်ပြည်နယ်မှူး ဦးစောဒီဒီး၊ စက်မှုလယ်ယာပြည်နယ်မှူး ဦးခင်မောင်ဝင်း လွိုင်ကော်တက္ကသိုလ်ပါချုပ်တို့အပါအဝင် စုစုပေါင်း ၂၄ ယောက် စိုးရိမ်ဖွယ်ဒဏ်ရာရရှိသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်