ကျောင်းအုပ်ဆရာမကြီးက စာသင်တုန်းမှောက်အိပ်လို့ဆိုကာ ရှစ်တန်းကျောင်းသူကို ဖိနပ်နဲ့ နှစ်ကြိမ် ပစ်ပေါက်

ကလေးမြို့နယ် လက်ပံချောင်းကျေးရွာ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်စောက ရှစ်တန်းကျောင်းသူကို စာသင်တုန်းမှောက်အိပ်လို့ဆိုကာ ၎င်းစီးတဲ့ ယင်းမာဖိနပ်နဲ့ နှစ်ကြိမ်ပစ်ပေါက်မှု ဇွန်လ(၁၉)ရက်တွင်ဖြစ်ပွားပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ (၁၉)ရက် နံနက်(၁၀:၃၀)နာရီခန့်တွင် လက်ပံချောင်းကျေးရွာ အ.ထ.က ကျောင်း ရှစ်တန်း (B)ခန်းတွင် မြန်မာစာသင်နေစဉ် နာက်ဆုံးခုံမှာထိုင်တဲ့ မကျိန်ဒိတ်လွန်း(၁၃နှစ်)ဟာအိပ်ငိုက်လို့ ကျောင်းအုပ်ဆရာမကြီးမှ ပါတင်းပေါက်မှတဆင့် ၎င်းစီးနေတဲ့ ယင်းမာဖိနပ်နဲ့ နှစ်ကြိမ်ပစ်ပေါက် အနီးရှိကျောင်းသူနဲ့ မကျိန်ဒိတ်လွန်းရဲ့ မျက်နှာထိသွားတယ်လို့သိရပါတယ်။

“ကျမ နှုတ်ခမ်းထိတော့ အစကတော့ နည်းနည်းရောင်တယ်”လို့ မကျိန်ဒိတ်လွန်းကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ပံချောင်း အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်စောက “အိပ်ငိုက်လို့မဟုတ်ဘူးရှင့်။ ဆရာစာသင်နေတာကို တမင်တကာ မှောက်ခုံပြီးအိပ်တာ။ သုံးမိနစ်လောက်ကြည့်နေတာတောင်းမှ ခေါင်းထောင်ပြီးမှ ပြန်အိပ်ပါတယ်ရှင့်။ အဲ့ဒါကျမဆက်ကြည့်နေတာတောင် ဒီတိုင်းပဲဆက်အိပ်နေပါတယ်ရှင့်။ ကျမ လက်ထဲမှာ ဘာမှမရှိပါဘူး။ ဒီလိုမျိုး ဆုံးမစကားပြောပြီးတော့မှ စာသင်နေတာတောင် မလေးမခန့်နဲ့ ကျမတို့ ပညာရေးစနစ်အရ မတတ်လည်း အအောင်ပေး ကျမတို့ရဲ့ ဆရာ၊မတွေကို ကျူရှင်ကသာလျှင်လွမ်းမိုးပြီးတော့ ဆရာ၊မတွေကို ဂရုမစိုက်ဘူးလို့ ဒေါသထွက်တဲ့ကြောင့်မို့ ပထမတစ်ချက် စီးထားတဲ့ဖိနပ်နဲ့ပစ်လိုက်တာ ဟုတ်ပါတယ်။ ဝန်ခံပါတယ်။ အဲ့ဒါသူ့ကို မထိပဲနဲ့ သူ့ဘေးက ဟာကို သွားထိတဲ့တွက်ကြောင့်မို့လို့ နောက်တစ်ချက်ထပ်ပစ်တာ။ အဲ့ဒါ သူ့ခေါင်းကို သွားမှန်တော့ သူဘာကြီးနဲ့ပစ်လိုက်တာလဲဆိုတာတောင်မသိလိုက်ပါဘူး”လို့ဆိုပါတယ်။

လက်ပံချောင်းရှိ ကျောင်းသားမိဘတစ်ယောက်က “ခုတလော ရာသီဥတုပူပြီး လေထုဖိအားများတော့ ကလေးတွေညမှာ အိပ်ရေးမဝကြဘူး။ ရာသီဥတုဒဏ်ကြောင့် အားနည်းနေကြတာပါ။ လူကြီးတွေတောင် အိပ်ငိုက်နေကြတာ”လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ချင်းကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရ၊ လူသတ်သမားထွက်ပြေး

၁၅၊ ဧပြီလ၊ ၂၀၂၄ Zalen မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ အသက် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရတယ်လို့ ရပ်ကွက်နေ ချင်းလူမျိုးတွေဆီက သိရပါတယ်။ ကွာလာလမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ မနေ့ ...

ဆက်ဖတ်ရန်