(၂၁)ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်မှ အချက်(၅)ချက်ပါတဲ့ သဘောထားထုတ်ပြန်ချက်ကြေညာ

 

(၂၁)ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်မှ အချက်(၅)ချက်ပါတဲ့ သဘောထားထုတ်ပြန်ချက်ကြေညာ

မင်းတပ်မြို့မှာကျင်းပတဲ့ (၂၁)ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်မှ အချက်(၅)ချက်ပါတဲ့ သဘောထားထုတ်ပြန်ချက်ကို ဧပြီလ (၂၉)ရက်တွင်ထုတ်ပြန်လိုက်ပါတယ်။

ယင်းကျောင်းသားပွဲတော်သို့ ချင်းပြည်တွင်းနဲ့ ပြည်နယ်ပြင်ပရောက် ချင်းတက္ကသိုလ်ကျောင်းသူ၊သား (၅၀၀)ကျော်တက်ရောက်လာပြီး ဧပြီလ (၂၄)ရက်ကနေ (၂၉)ရက်ထိ ငါးရက်တိုင်တိုင်ကျင်းပခဲ့တာဖြစ်ပါတယ်။

၎င်းသဘောထားထုတ်ပြန်ကြေညာချက်တွေထဲမှာ ၂၀၂၀ ခုနှစ်မှာကျရောက်မယ့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ပလက်ဝမြို့တွင် ချင်းပြည်နယ်အစိုးရက ကျင်းပရန်၊ နှစ်စဉ် မေလနောက်ဆုံးပတ် စနေနေ့ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုအနေဖြင့် CUSF သစ်ပင်စိုက်ပျိုးနေ့အဖြစ်သတ်မှတ်ရန်၊ ချင်းပြည်နယ်အတွင်းရှိ လမ်းအမည်များကို ချင်းလူမျိုးနဲ့သက်ဆိုင်တဲ့ အမည်များပေးအပ်ပြီး ချင်းသာဘာနဲ့ မြန်မာဘာသာဖြင့် ပူးတွဲရေးသားပေးရန်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များကို အစိုးရမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အပြည့်အဝရရှိစေရေးဆောင်ရွက်ရန်နဲ့ စစ်ပွဲများအမြန်ဆုံး ရပ်တန့်နိုင်ရေး နည်းလမ်းရှာပေးရန်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်ရဲ့ မြို့နယ်အလိုက် ခွင့်ပြုငွေများသည် မြို့နယ်တစ်မြို့နယ်နဲ့ တစ်မြို့နယ် ကွာခြားလွန်းခြင်းများတွေ့ရှိရပါတယ်။ ချင်းတစ်မျိုးသားလုံး သွေးစည်းခိုင်မာရေး၊ တန်းတူညီမျှရေးနျင့် ချင်းပြည်နယ်မြို့နယ်အလိုက် တိုးတက်ဖွံ့ဖြိုးရေးအတွက် ကဏ္ဍာရေးအသုံးစရိတ်ခွင့်ပြုချက်များသည် ထူးကဲခြားနားရန် အသင့်သည့်အတွက် ချင်းပြည်နယ်အစိုးရအနေဖြင့် ပြန်လည်ပြင်ဆင်သုံးသပ်ရန်တောင်းဆိုပါသည်လို့ဖော်ပြထားပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး (၂၁)ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်မှ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထောင်းထောင်းက “ချင်းပြည်နယ်မှာ တောမီးရှို့တာ ခုနောက်ပိုင်းတော်တော်များလာတယ်။ အဲ့ဒါကို ကျနော်တို့ရှုတ်ချတယ်။ ပထမတော့ မြို့ထဲမှာတတ်နိုင်သမျှ သစ်ပင်စိုက်မယ်။ ဒီထက်တတ်နိုင်ရင် တောထဲမှာလည်းစိုက်မယ်။ ကျနော်တို့က တောမီးမရှို့ဖို့၊ တောထဲကသစ်မြစ်တွေမယူဖို့တိုက်တွန်းချင်တယ်။ ပြီးတော့ ချင်းပြည်နယ် မြို့တွေမှာ လမ်းနာမည်တွေက ဗိုလ်ချုပ်လမ်းတို့ တခြားကျနော်တို့မသိတဲ့နာမည်တွေပေးကြတယ်။ ဒါထက် ချင်းလူမျိုးတွေရဲ့ သူရဲကောင်းနာမည်တွေ၊ ချင်းပြည်နယ်က ပန်းနာမည်တွေပေးစေချင်တယ်” လို့ပြောပါတယ်။

နောက်နှစ် (၂၂)ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်ကို ထန်တလန်မြို့တွင်ကျင်းပမှာဖြစ်ပြီး (၂၃)ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်ကို ကန်ပက်လက်မြို့မှာကျင်းပပါမယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်