ပထမဆုံး အမေရိကန်သာသနာပြုဆရာတော်များရဲ့ အုတ်ဂှုကိုပြန်လည်ပြုပြင်ပြီး ဖွင့်လှစ်

ချင်းပြည်နယ်မှာ ကျရောက်တဲ့ ၂၀၁၅ ခုနှစ်သဘာဝဘေးဒဏ်ကြောင့် အက်ကွဲသွားတဲ့ ပထမဆုံး အမေရိကန်နှစ်ခြင်းသာသနာပြုဆရာတော်များရဲ့ အုတ်ဂှုကိုပြန်လည်ပြုပြင်ပြီး အောက်တိုဘာ(၆)ရက်နေ့မှာ ဟားခါးမြို့တွင် အခမ်းအနားနဲ့ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

၂၀၁၅ ခုနှစ် သြဂုတ်လမှာ သာသနာပြုဆရာတော်များရဲ့အုတ်ဂှု အက်ကွဲနေတာတွေ့ရစဉ်(Photo: Rev. Thang Tin Sum)

ယင်းအုတ်ဂှုဟာ ပထမဆုံးချင်းပြည်နယ်မှာ သာသနာပြုတဲ့ အမေရိကန်နှစ်ခြင်းအဖွဲ့က သာသနာပြုဆရာများ၊ ဂုဏ်ပြုထိုက်တဲ့ ပထမဆုံးချင်းခရစ်ယာန်ဆရာတော်များမြုပ်နှံထားရာနေရာလည်းဖြစ်ပါတယ်။

Zalen ad

ဟားခါးနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့အစည်းက လူငယ်ဌာနအတွင်းရေးမှူး ပါစတာဗန်တလိန်းထန်က “အရင်က အုတ်ဂှုတွေကိုနေရာမရွေ့ပဲ ပြန်လည်ပြုပြင်ပြီးတော့ဆောက်ထားတာပါ။ ဖွင့်ပွဲကိုတော့ အုတ်ဂှုတွေပြုပြင်ဖို့ကူညီထောက်ပံ့ပေးတဲ့ အမေရိကန်က ချင်းနှစ်ခြင်းခရစ်အဖွဲ့ကအတွင်းရေးမှူးနဲ့ ဟားခါးနှစ်ခြင်းအဖွဲ့က အတွင်းရေးမှူးတွေဖြစ်တယ်”လို့ပြောပါတယ်။

ဟားခါးမြို့က အမေရိကန်သာသနာပြုဆရာတော်များအုတ်ဂှုအားတွေ့ရစဉ်

နောက်ဆုံးရသတင်းများ

ဟားခါးမြို့ လမ်းဆုံနားမှာ အရပ်သားတွေကို စစ်ကောင်စီက စစ်ဆေးပြီး ဖမ်းဆီးတာတွေလုပ်နေ

￸ မေ ၃၀၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ဟားခါးမြို့က လမ်းဆုံနားမှာ မေလ ၂၉ ရက် မနက် ၁၀ နာရီလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာ ပြည်သူတွေကို တင်းတင်းကျပ်ကျပ် တားဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ...

ဆက်ဖတ်ရန်