မိုးရေးမြို့တွင်ဖမ်းစီးခံရတဲ့ မြန်မာစစ်ဘေးရှောင်တချိုပြန်လွှတ်ပေမယ့် ဒုတိယနေ့ထပ်ဖမ်းနေ

၂၊ နိုဝင်ဘာ၊ ၂၀၂၃

Zalen

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့တွင် ယမန်နေ့ နိုဝင်ဘာ ၁ ရက်ကဖမ်းဆီးထားတဲ့ မြန်မာစစ်ဘေးရှောင်တွေထဲက အမျိုးသမီးနဲ့ ကလေးငယ်တွေ ယနေ့မနက်တွင် ပြန်လွှတ်လာတယ်လို့ မြန်မာစစ်ဘေးရှောင်တစ်ဦးထံမှသိရတယ်။

မိုးရေးမြို့ထဲမှာ အာသံရိုင်ဖယ်နဲ့ ရဲတပ်ဖွဲ့တွေက မြန်မာစစ်ဘေးရှောင်တွေကို ယနေ့မနက်တွင်လည်းဆက်လက်ရှာဖွေစစ်ဆေးနေပြီး မိုးရေးမြို့ဒေသခံအချို့လည်းလက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးခံကြတယ်လို့ သိရတယ်။

Zalen ad

စစ်ဘေးရှောင်ကျောင်းများကိုလည်းခေတ္တယာယီပိတ်ထားကြရန်စစ်ဘေးရှောင်ဒုက္ခသည်ကော်မတီ‌ေကျာင်းအဖွဲ့မှညွန်ကြားထားတယ်လို့လည်းသိရတယ်။

တမူးမြို့ဒေသခံတစ်ဦးက “မနေ့က ၄၁ယောက်ဖမ်းတယ်။ မိန်းကလေးနဲ့သက်မပြည့်သေးသူတွေကိုတော့ ပြန်လွှတ်ပေးတယ်။ ယောက်ျားလေး ၁၁ယောက်တော့အင်ဖားလ်ထောင်ပို့လိုက်ပြီ။ မိုးရေးမြို့က ရပ်ကွက်၂၀လောက်ရှိတယ်။ မြန်မာပြည်ဖက်ကရွှေ့လာသူတွေအားလုံးပြေးကုန်ကြပြီ။ အနီးနားက ကူကီးရွာတွေလည်းပြေးကြတယ်။ တစ်ချို့ကတောထဲတစ်ချို့ မြန်မာပြည်ထဲ နည်းနည်းငြိမ်ရင်အိမ်ပြန်လာ ပြီးထမင်းချက်ပြီးရင်ပြန်ပြေးကြတယ်။ ဖုန်းပြောတော့ ပြောရင်းငိုသံကြီးရော၊ဒေါသသံတွေရော နိုင်ငံပျောက်သူဆိုတာငါတို့မှအစစ်ပဲတဲ” လို့ပြောပါတယ်။

PR

နောက်ဆုံးရသတင်းများ

လူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ တွန်းဇံကောင်စီ ကြေညာ၊ ဒေသခံများမကျေနပ်

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းသွားမယ်လို့ CDF-တွန်းဇံဇိုတပ်ဖွဲ့ နဲ့ ချင်းလဲန်ကောင်စီ (CC) တပ်ပေါင်းစုအတွက် တွန်းဇံမြို့နယ်ကောင်စီက ဒီနေ့ ထုတ်ပြန်ပါတယ်။ တွန်းဇံမြို့နယ်အတွင်း နေထိုင်တဲ့သူတွေ၊ ...

ဆက်ဖတ်ရန်